နောင်ချိုမြို့နယ်၊ မြို့နယ်ပညာရေးမှူးရုံး အစည်းဝေးခန်းမ ပေါက်ကွဲမှုဖြစ်စဉ်တွင် ဒဏ်ရာရရှိပြီး သေဆုံးသွားသူ(၁)ဦးနှင့် ဆေးကုသမှုခံယူနေသော လူနာ(၇)ဦးအား ထောက်ပံ့ငွေများပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

နောင်ချိုမြို့နယ်၊ မြို့နယ်ပညာရေးမှူးရုံး အစည်းဝေးခန်းမ ပေါက်ကွဲမှုဖြစ်စဉ်တွင် ဒဏ်ရာရရှိပြီး သေဆုံးသွားသူ(၁)ဦးနှင့် ဆေးကုသမှုခံယူနေသော လူနာ(၇)ဦးအား ထောက်ပံ့ငွေများပေးအပ်





MNP - ဇွန်   ၂


ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပညာရေးမှူးရုံး ပေါက်ကွဲမှုဖြစ်စဉ်တွင် ဒဏ်ရာရရှိပြီး သေဆုံးသွားသူ မျက်ချီးနုကျေးရွာနေ ဒေါ်စောခင်ချိုချို (ပညာရေးဝန်ထမ်း)၏ ခင်ပွန်းဖြစ်သူထံ ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သော ထောက်ပံ့ငွေကျပ်(၂၀)သိန်း၊ ပြည်နယ်ပညာရေးရုံးမှ ထောက်ပံ့ငွေကျပ် (၂)သိန်းတို့ကို ယမန်နေ့နံနက် ၉ နာရီ ၁၅မိနစ် အချိန်က ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီးဇော်ကိုဆန်းနှင့်တာဝန်ရှိသူများ၊ ဒုတိယပြည်နယ်ပညာရေးမှူးဦးခင်မောင်ဌေး၊ ကျောက်မဲခရိုင် ပညာရေးမှူး ဦးကျော်ဆွေ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကြည်တိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်အေးအေးသင်းတို့က သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။


ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်သော တာဝန်ရှိသူများသည် ၁၁ နာရီအချိန်တွင် ပြင်ဦးလွင်တပ်မတော်ဆေးရုံ၌ ဆေးကုသမှုခံယူနေသော ဆရာ၊ဆရာမ (၆)ဦးနှင့် အရပ်သား (၁)ဦး၊ စုစုပေါင်း (၇)ဦးတို့အား သွားရောက်ကြည့်ရှု့အားပေးခဲ့ကြပြီး လူနာတစ်ဦးလျှင် ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေကျပ် (၅)သိန်းနှင့် ပြည်နယ်ပညာရေးမှုးရုံးမှ ထောက်ပံ့ငွေကျပ်  (၁)သိန်းစီတို့အား အသီးသီးထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။


သတင်း - ထွေးငယ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)