လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်




MNP - ဇွန်   ၂

ပညာရေးဝန်ကြီးဌာန၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဇွန်လ(၂)ရက်နေ့တွင် ဖွင့်လှစ်သင်ကြားခဲ့ပြီးဖြစ်ရာ ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအား ယနေ့နံနက်ပိုင်းက စတင်ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။


လှိုင်းဘွဲမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း(၁၆)ကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)(၂၅)ကျောင်း၊ အခြေခံ ပညာအလယ်တန်းကျောင်း(၂၅)ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း(၂၆၅)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၁) ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း(၂)ကျောင်း စုစုပေါင်း(၃၃၄)ကျောင်းရှိပြီး ကျောင်းသား/ကျောင်းသူများ ကျောင်းအပ်နှံထားမှုမှာ ဇွန်လ(၁) ရက်နေ့အထိ အထက်တန်းအဆင့် ကျောင်းသား/သူ(၁၁၉၅)ဦး၊ အလယ်တန်းအဆင့် ကျောင်းသား/သူ(၆၃၅၃)ဦးနှင့် မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူ (၃၆၀၃၃)ဦး စုစုပေါင်း(၄၃၅၈၁)ဦး ကျောင်းအပ်နှံထားပြီးဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။


သတင်း - စောဒိ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)