ကျောက်ပန်းတောင်းမြို့နယ်တွင်အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ် သင်ကြား - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောက်ပန်းတောင်းမြို့နယ်တွင်အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ် သင်ကြား

 



MNP -  ဇွန်   ၂


မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်လျက်ရှိပြီး၊ ကျောင်းအသီးသီးတွင် ကျောင်းသားကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်းနှင့် ကျောင်းများဖွင့်လှစ်နေမှုနှင့်လုံခြုံရေးအခြေ အနေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။


ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွင်း အခြေခံပညာအထက်တန်းကျောင်း (၁၇)ကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) (၃၇)ကျောင်း၊ အလယ်တန်းကျောင်း(၂၈) ကျောင်း၊ အလယ်တန်းကျောင်း (ခွဲ) (၂၃) ကျောင်း၊ မူလတန်း(လွန်)ကျောင်း(၅၄)ကျောင်း၊ မူလတန်းကျောင်း (၁၁၉)ကျောင်းနှင့် မူလတန်းကျောင်း(ခွဲ) (၄) ကျောင်း စုစုပေါင်း အခြေခံပညာကျောင်း(၂၈၂)ကျောင်း ဖွင့်လှစ်လျက်ရှိကြောင်းသိရပြီး၊ အဆိုပါကျောင်းများအားလုံးတွင် ကျောင်းသားကျောင်းသူများအား အခန်းအလိုက်သန့်ရှင်းရေးပြုလုပ်ခြင်း၊ စာအုပ်များဖြန့်ဝေခြင်းနှင့် အေးချမ်းပျော်ရွှင်စွာဖြင့် ပညာသင် ကြားလျက်ရှိနေကြောင်းသိရသည်။ ကျောင်းစတင် တက်ရောက်သည့်နေ့မှာပင် ကျောင်းသား၊ ကျောင်းသူများအား ဘာသာရပ်အလိုက် ပုံနှိပ်စာအုပ်များအပြင် ဗလာစာအုပ် (၁) ဒါဇင်၊ ခဲတံ(၂)ချောင်း၊ ဘောလ်ပင်(၂) ချောင်းအခမဲ့ဖြန့်ဝေပေးလျက်ရှိပြီး၊  မူလတန်းအဆင့် ကလေးများအတွက် ကျောင်းဝတ်စုံ များထောက်ပံ့သွားမည်ဖြစ်ကြောင်းနှင့် ဇွန်လ(၁)ရက်နေ့ အထိ တစ်မြို့နယ်လုံးအနေဖြင့် ကျောင်းအပ်နှံ ထားရှိသည့် ကျောင်းသား ကျောင်းသူပေါင်းမှာ အထက်တန်းအဆင့်(၁၂၃၀) ဦး၊ အလယ်တန်းအဆင့် (၅၂၀၁)ဦးနှင့်မူလတန်းအဆင့် (၁၄၈၆၂)ဦးစုစုပေါင်း(၂၁၂၉၃)ဦးလက်ခံ ရရှိပြီးဖြစ်ကြောင်း  မြို့နယ် ပညာရေးမှူး ဒေါ်မော်မော်က ပြောပါသည်။


အဆိုပါ ကျောင်းများစတင်ဖွင့်လှစ်သင်ကြားနေမှုအခြေအနေများနှင့် လုံခြုံရေးအခြေအနေများအား မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် ပညာရေးမှူး ဒေါ်မော်မော်နှင့် လက်ထောက်ပညာရေးမှူးများ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ကျောင်းအလိုက် လိုအပ်သည့်များကို ညှိနှိုင်းပေါင်းစပ်ဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)