ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် ၂၅ နှစ်အောက် အမျိုးသား၊ အမျိုးသမီးပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် ၂၅ နှစ်အောက် အမျိုးသား၊ အမျိုးသမီးပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားတက်ရောက်






MNP ၊  ဇွန်  ၂၄

၂၀၂၂ ခုနှစ် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် ၂၅ နှစ်အောက် အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့ဓညဝတီအားကစားခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာများ၊ အားကစားသမားများ၊ အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးကြသည်။

ရှေးဦးစွာ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် စစ်တွေမြို့နယ်အသင်းနှင့် ရမ်းဗြဲမြို့နယ် အသင်းတို့ယှဉ်ပြိုင်ကစားကြရာ စစ်တွေမြို့နယ်အသင်းက အနိုင်ရရှိသွားသည်။ ဆက်လက်၍ ဆုချီးမြှင့်ပွဲကိုကျင်းပရာ ပွဲစဉ်တစ်လျှောက်အကောင်းဆုံးဆုရရှိသော အားကစားသမား များအား ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌက၊ ဆုတံဆိပ်နှင့် ငွေသားဆုကျပ် ၅၀၀၀၀ စီပေးအပ်ချီးမြှင့်ပြီး အမျိုးသမီးပြိုင်ပွဲ၊ အမျိုးသားပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော အသင်းများအား ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်ဥပဒေချုပ်တို့က လည်ဆွဲတံဆိပ်နှင့်ငွေသားဆု များကို ပေးအပ်ချီးမြှင့်ကြသည်။ ယင်းနောက် ပြည်နယ်စီးပွားရေးရာဝန်ကြီးက ပထမဆုရရှိသော ရမ်းဗြဲမြို့နယ်အသင်းအား တံခွန်စိုက်ဆုဖလားကိုပေးအပ်ချီးမြှင့်ပြီး  ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းက ပထမဆုရရှိသော စစ်တွေမြို့နယ်အသင်းမှ အားကစားသမားများအား လည်ဆွဲတံဆိပ်၊ ငွေသားဆုနှင့် တံခွန်စိုက်ဆုဖလားကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ 

ပြိုင်ပွဲတွင် ပထမဆုရရှိသော အသင်းအား တံခွန်စိုက်ဆုဖလားနှင့် ငွေသားဆုကျပ် ၃၀၀၀၀၀၊ ဒုတိယဆုရရှိသော အသင်းအား ငွေသားဆု ကျပ် ၂၀၀၀၀၀၊ တတိယဆုရရှိသော အသင်းအား ငွေသားဆုကျပ် ၁၅၀၀၀၀ စီပေးအပ်ချီးမြှင့်ခဲ့သည်။ 

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် ၂၅ နှစ်အောက် အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်း ပြိုင်ပွဲကို ဇွန်လ ၁၈ ရက်နေ့မှ ၂၄ ရက်နေ့ထိကျင်းပခဲ့ပြီး  ပြိုင်ပွဲဝင်အမျိုးသမီးအသင်း ၁၇ သင်း၊ အမျိုးသားအသင်း ၁၆ တို့မှ ကစားသမား ၁၆၅ ဦးဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြ ကြောင်း သိရသည်။ 


သတင်း - တင်ထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)