ပင်းတယမြို့နယ်၌ လက်ထောက်မူလတန်းပြဆရာ/ဆရာမများ လုပ်ငန်းခွင်အကြို ရက်တို သင်တန်းဖွင့်လှစ်သင်ကြားပို့ချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပင်းတယမြို့နယ်၌ လက်ထောက်မူလတန်းပြဆရာ/ဆရာမများ လုပ်ငန်းခွင်အကြို ရက်တို သင်တန်းဖွင့်လှစ်သင်ကြားပို့ချပေး

 




MNP - ဇွန်   ၈


ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အတွင်းအခြေခံ ပညာစာသင်ကျောင်းများတွင် ပညာသင်ကြားပေးမည့် လက်ထောက်မူလတန်းပြ ဆရာ/ ဆရာမများအား လုပ်ငန်းခွင်အကြို ရက်တိုသင်တန်းများကို ဇွန်လ ၄ ရက်နေ့မှ စ၍ မြို့နယ်ပညာရေးမှူးရုံးခန်းမတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။


၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ပင်းတယမြို့နယ်အတွင်း၊ အခြေခံပညာကျောင်းပေါင်း ၁၂၀ ရှိပြီး၊ ပညာသင်ကြားနေသည့် ကျောင်းသား/ ကျောင်းသူ ဦးရေ (၁၂၀၀၀) ကျော်ရှိရာ ယင်းစာသင်ကျောင်းများ၌  လစ်လပ်နေရာများတွင် ပညာသင်ကြားပေးမည့် အရည်အချင်း ပြည့်ဝသော ဆရာ/ ဆရာမများ ခန့်အပ်နိုင်ရေး ၂၀၂၁ ခုနှစ်အတွင်း ပညာရေးဌာန အရည်အချင်းစစ်စာမေးပွဲ ဖြေဆိုအောင်မြင်ထားသူများဖြစ်သည့် လက်ထောက်မူလတန်းပြ ဆရာ/ဆရာမများအား လုပ်ငန်းခွင်မဝင်ရောက်မီ  လုပ်ငန်းခွင်အကြိုရက်တို သင်တန်း ဖွင့်လှစ်ပေးခြင်းဖြစ်သည်။ ယင်းသင်တန်းတွင် ရှမ်းပြည်နယ် ပြည်နယ်ပညာရေးမှူးရုံးမှ အနီးကပ်ကြီးကြပ်မှုဖြင့်၊ နည်းပြ ဆရာ/ဆရာမ ၄ ဦးမှ သင်တန်းသား လက်ထောက်မူလတန်းပြ ဆရာ/ဆရာမ ၂၈ ဦး တို့အား သင်တန်းပို့ချပေးခြင်းဖြစ်သည်။


အဆိုပါသင်တန်းပို့ချရာတွင်  ကျောင်းအုပ် ဆရာကြီး၊ ဆရာမကြီးများက နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းပဒေများ၊ ပညာရေးဆိုင်ရာမူဝါဒများ၊ စနစ်သစ်ပညာရေး သင်ရိုးသစ်ဖြင့်ပညာရေး အဆင့်မြှင့်တင်ဆောင်ရွက်မှုအခြေအနေများ၊ ဆရာ/ဆရာမတို့၏ ကျင့်ဝတ်နှင့် လိုက်နာဆောင် ရွက်ရမည့် စည်းကမ်းချက်များနှင့် သင်ကြားမှုသင်ယူမှုဆိုင်ရာများကို ပို့ချသင်ကြားပေးလျက်ရှိကြောင်း သင်တန်းကာလမှာ ဇွန်လ (၄) ရက်နေ့မှ (၁၀) နေ့အထိ ရက်တိုမွမ်းမံသင်တန်း ပို့ချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရှိရသည်။


သတင်း - အေးအေးလတ်


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)