ကသာမြို့ ပညာရေးဒီဂရီကောလိပ်တွင် “လူငယ်နှင့်အားကစားအသိပညာပေး ဟောပြောသရုပ်ပြပွဲ၊ မြန်မာ့သိုင်းသရုပ်ပြပွဲနှင့် သင်တန်းဖွင့်ပွဲ” ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကသာမြို့ ပညာရေးဒီဂရီကောလိပ်တွင် “လူငယ်နှင့်အားကစားအသိပညာပေး ဟောပြောသရုပ်ပြပွဲ၊ မြန်မာ့သိုင်းသရုပ်ပြပွဲနှင့် သင်တန်းဖွင့်ပွဲ” ကျင်းပ

 






MNP - ဇွန်   ၁၉


စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့ ပညာရေးဒီဂရီကောလိပ်တွင်  ကျောင်းသား၊ ကျောင်းသူများ အကျင့်စာရိတ္တ‌နှင့် စည်းကမ်းကောင်းမွန်စေရန်၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်စေရန်၊ အားကစားစိတ်ဓာတ်မြင့်မားလာစေရန်နှင့် အသိပညာဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်၍ ယမန်နေ့နံနက်(၉)နာရီအချိန်က “လူငယ်နှင့်အားကစားအသိပညာပေးဟောပြောသရုပ်ပြပွဲ၊ မြန်မာ့သိုင်း သရုပ်ပြပွဲ နှင့် သင်တန်းဖွင့်ပွဲ” ကို ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါ ဟောပြောပွဲတွင် ကသာပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းစိုးက အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ ခရိုင်အားကစားနှင့် ကာယ ပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်လပြည့်ဝန်းက “လူငယ်နှင့်အားကစား” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်အေးမော်က “ကလေးသူငယ်အခွင့်အရေးနှင့် အကြမ်းဖက်မှုမှ ကာကွယ်ခြင်းဆိုင်ရာ အကြောင်း”ကို လည်းကောင်း၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စောကလျာက “လူငယ်များ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြတ်ရေး” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ကျောင်းသား၊ ကျောင်းသူလူငယ်များအား အသီးသီး အသိပညာပေးဟောပြော ကြသည်။


ထို့နောက် ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကသာပညာရေးဒီဂရီကောလိပ်အတွက် အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး မြန်မာ့သိုင်းလက်ရွေးစင်၊ မနန်းဇာရီဦးမှ မြန်မာ့သိုင်းဖြင့် သရုပ်ပြဖျော်ဖြေခြင်းနှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများမှ Fitness Dance ဖြင့် စုပေါင်းအားကစားလှုပ်ရှားမှုများဆောင်ရွက်ခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)