ဆရာတော် ဦးဝါသဝ ဟာ သူကိုယ်တိုင်လည်း အနားမယူဘဲ ရွာပေါက်စေ့အောင် အကြမ်းဖက်မှုတွေ မလုပ်ကြဖို့၊ ကိုယ့်ရပ်ကိုယ့်ရွာကို အကြမ်းဖက်ဘေးအန္တရာယ်ကနေ ကာကွယ်ဖို့၊ တစ်ဦးကောင်း တစ်ယောက်ကောင်း လုပ်လို့မရတဲ့အချိန်မှာ ညီညီညွတ်ညွတ်နဲ့ ပြည်သူ့စစ်ဖွဲ့စည်းပြီး ကာကွယ်နိုင်ဖို့ မပြတ်တန်း လှည့်လည်စည်းရုံးဆောင်ရွက်နေသူ ဖြစ်ပါတယ်။ ဆရာတော်ဦးဝါသဝ နဲ့ အတူ ဆရာတော်ဦးပညာသာမိလည်း အတူတကွ လှည့်လည်စည်းရုံး နားချခဲ့တဲ့ ရုပ်သံမှတ်တမ်းတွေကို တွေ့ရပါတယ်။ ဒီလို ကာလမှာ သံဃာတော်များ အနေနဲ့ ဒကာ၊ ဒကာမများရဲ့ အကျိုးကို ရှေ့ရှုပြီး အကြမ်းဖက်သမားတွေရဲ့ ရန်လိုအမုန်းဖွဲ့ခြင်းကို အံတုရင်ဆိုင်ပြီး ဆောင်ရွက်နေကြတဲ့ အနစ်နာခံ စွန့်လွှတ်မှုကို ဘာနဲ့မှ နှိုင်းတုလို့တောင် မရနိုင်ပါဘူး။
ခေတ်အဆက်ဆက်မှာ သူရဲကောင်း၊ အာဇာနည်အဖြစ် ထင်ရှားခဲ့တဲ့ ပုဂ္ဂိုလ်တွေဟာ အရေးကြုံလာချိန်မှာ လုပ်သင့် လုပ်ထိုက်တာကို ရဲဝံ့ပြတ်သားစွာ လုပ်ဆောင်ခြင်းကြောင့် သူရဲကောင်း၊ အာဇာနည်အဖြစ် မော်ကွန်းတင်ခြင်းကို ခံရပါတယ်။ တိုင်းတပါး လက်ပါးစေ တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် အစွန်းရောက် နိုင်ငံရေးအသုံးချခံတွေက ကိုယ့်လူမျိုးအချင်းချင်း လုပ်ကြံသတ်ဖြတ်၊ ကိုယ့်ဘာသာ သာသနာကို ဖျက်ဆီးတဲ့ လုပ်ရပ်တွေ လုပ်နေချိန်မှာ ဦးဝါသဝ၊ ဦးပညာသာမိ တို့ဟာ အသက်ကို အရင်းတည်ပြီး ရပ်ရွာတွေအဖျက်ဆီးမခံရစေဖို့၊ အကြမ်းဖက်ဘေးအန္တရာယ် မခံရစေဖို့ ရဲဝံ့ပြတ်သားစွာ ရပ်တည်ဆောင်ရွက်နေကြခြင်းကြောင့် ယနေ့ခေတ်ရဲ့ အာဇာနည်ပုဂ္ဂိုလ်များလို့ မော်ကွန်းတင်မှာ ဖြစ်ပါတယ်။
ကျွန်တော်တို့ တန့်ဆည်မြို့နယ်၊ ကျွန်းလည်ကျေးရွာက ပြန်လာပြီးတော့ လမ်းမှာ တစ်ရွာဝင်အုံးမယ်လို့ ဆရာတော်က ပြောပါတယ်။
ပြည်သူ့စစ်တပ်ဖွဲ့ဝင်များကို ကြိုတင်စေလွှတ်ပြီး စီစဉ်လိုက်ဟန် တူပါရဲ့။ ကျွန်တော်တို့ ကန့်ဘလူမြို့နယ်၊ ညောင်ပင်ကြီးအုပ်စု၊ ညောင်ပင်ကြီးကျေးရွာ ရောက်တော့ ရွာသူရွာသားတွေက လမ်းဘေးဝဲယာမှာ တန်းစီပြီး ဆရာတော်ကို ကြိုဆိုနေကြတယ်။ ဆရာတော်က နှုတ်ဆက်ပြီး ခဏလူစုလိုက်ကြအုံး စကားပြောကြရအောင် ဆိုတော့ ရွာသူရွာသား အားလုံး အိမ်ခြံဝိုင်းထဲမှာ စုလိုက်ကြတယ်။
ပထမဆုံး ဆရာတော်က သြဝါဒမိန့်ကြားတယ်။ ဆရာတော်ရဲ့ သြဝါဒထဲမှာ အရူးအသင်းနဲ့ အကန်းအသင်း ဘောလုံးပွဲ အကြောင်းကို ပြောပါတယ်။ အရူးအသင်း နဲ့ အကန်းအသင်း ဘောလုံးကန်ကြမယ်ဆိုတော့ နှစ်ဖက်အသင်း နည်းပြများက မှာကြားတယ်။ အကန်းအသင်း နည်းပြက မင်းတို့တွေက မြင်ရတာ မဟုတ်ဘူး။ အားလုံး ကိုယ့်ဂိုးကို မသွင်းနိုင်အောင် တန်းစီပြီး ပိတ်ထားကြလို့ မှာတယ်။ အရူးအသင်း နည်းပြကလည်း သူ့ကစားသမားတွေကို မင်းတို့က ဟိုးဘက်ဂိုးကို သွင်းရမှာ ဂိုးသွင်းနိုင်ရင် နိုင်ပြီ လို့ မှာထားသတဲ့။ ဘောလုံးစပြီဆိုတာနဲ့ အကန်းအသင်းသားတွေက ကိုယ့်ဂိုးကို မသွင်းနိုင်အောင် အားလုံး နောက်တန်းဆင်းပြီး တန်းစီ ပိတ်ထားကြတဲ့။ အရူးအသင်းက ကန်သွင်းပေမယ့် တန်းစီပိတ်ထားတော့ မဂိုးဘူး။ အရူးအသင်းသားတွေက ဒီဂိုးကို သွင်းရတာ မလွယ်ဘူးကွ၊ ဟိုဘက်ဂိုး သွားသွင်းမယ်ဆိုပြီး ကိုယ့်ဂိုးကိုယ် ထဒိုင်းဒိုင်း ကန်သွင်းကြသတဲ့။ ဂိုးသမားကလည်း အားကျမခံ ငါလည်း သွင်းအုံးမယ်ကွဆိုပြီး ကိုယ့်ဂိုးကိုယ် ပြန်သွင်းသတဲ့။ ပွဲပြီးတော့ အကန်းအသင်းက ဂိုးပြတ်နိုင်သွားတယ်။
ဒီပုံပြင်လေးကို ဆရာတော်က ပြောပြီး အခုလည်း PDF က ကိုယ့်ရွာသူရွာသားအချင်းချင်း၊ ကိုယ့်ဗုဒ္ဓဘာသာဝင်အချင်းချင်း လုပ်ကြံသတ်ဖြတ်နေတာ။ အရူးအသင်းအလိုပဲ။ ကိုယ့်ဂိုးကိုယ် သွင်းနေတာ။ ဒီလိုမျိုးမဖြစ်အောင် ကာကွယ်ကြဖို့ လိုအပ်ကြောင်း ဆရာတော်က သာဓကဆောင်ပြီး ရှင်းလင်းဟောပြောသွားပါတယ်။ ကျွန်တော်တို့တွေကိုလည်း မိတ်ဆက်ပေးပါတယ်။
ဆရာတော်ပြီးတဲ့အခါကြတော့ ကိုချိုကြီးကို အလှည့်ပေးတယ်။ ကိုချိုကြီးက ဒီမိုကရေစီရဲ့သဘောသဘာဝတွေကို ရှင်းပြတယ်။ ယနေ့ NLD အစွန်းရောက် ကိုယ်ကျိုးရှာနိုင်ငံရေးသမားများရဲ့ မှားယွင်းတဲ့ လှုံ့ဆော်မှုတွေကြောင့် ဒီအရပ် ဒီဒေသမှာ ကိုယ့်ရွာသူ ရွာသားအချင်းချင်း လုပ်ကြံသတ်ဖြတ်မှုတွေ ဖြစ်ပေါ်နေတာကို များစွာ စိတ်မကောင်းဖြစ်ရကြောင်းနဲ့ ညီညီညွတ်ညွတ် ကာကွယ်ဖို့ လိုအပ်ကြောင်းဖြင့် ဆွေးနွေးပြောဆိုပါတယ်။
မဖွေးစိန်ကို အလှည့်ပေးတဲ့အခါမှာ မဖွေးစိန်က ပြည်ပကနေ မြင်ရတဲ့အခြေအနေက တပ်မတော်ကပဲ ရက်စက်ယုတ်မာနေတဲ့ သဘော တစ်ဖက်သတ် သတင်းတွေကိုပဲ မြင်တွေ့ရကြောင်း၊ အပြစ်မဲ့ ပြည်သူများကို NLD အစွန်းရောက်များက သတ်ဖြတ်နေတာတွေကိုတော့ ဒလန်မို့လို့ သတ်တယ်လို့ ရေးသားနေတာတွေ တွေ့ရကြောင်း၊ ပြည်ပမှာလည်း NLD ကို အားပေးထောက်ခံသူများရဲ့ လှုံ့ဆော်မှုတွေကသာ ပိုပြီး များပြားနေကြောင်း၊ အကြမ်းဖက်ခံနေရတဲ့ ပြည်သူများဘက်မှ ရပ်တည်ကြောင်း၊ ဆရာတော်ဦးဝါသဝ ရဲ့ ဦးဆောင်မှုနဲ့ ရပ်ရွာအေးကာကွယ်ရေး ဆောင်ရွက်နေကြတဲ့အပေါ် များစွာ လေးစားမိကြောင်း ဖြင့် ဆွေးနွေး ပြောကြားပါတယ်။
ကျွန်တော်ကတော့ ဘာမှမပြောတော့ဘူးလို့ စဉ်းစားပြီး ဗီဒီယိုမှတ်တမ်းပဲ ရိုက်နေတာပါ။ မဖွေးစိန် ဆွေးနွေးပြီးတော့ ဆရာတော်က ကိုနောင်တော်လေး ပြောပါအုံးဆိုတော့ အနည်းအကျဉ်းမျှပဲ ပြောခဲ့ပါတယ်။ ကျွန်တော်တို့ အနေနဲ့ NLD ကို အားပေးထောက်ခံခဲ့ဖူးပါကြောင်း၊ အခုလို အကြမ်းဖက်လုပ်ရပ်တွေ လုပ်နေတာကိုတော့ လုံးဝအားမပေးပါကြောင်း၊ နိုင်ငံရေးဆိုသည်မှာ အများပြည်သူ၏ ကောင်းကျိုးကို ဆောင်ရွက်ရခြင်းဖြစ်ပြီး အခုလို အများပြည်သူအတိဒုက္ခရောက်အောင် ဖန်တီးနေခြင်းကို နိုင်ငံရေးလို့ သတ်မှတ်၍မရပါကြောင်း၊ ဒီမိုကရေစီမှာ မတူညီတဲ့ သဘောထားအမြင်တွေကို လက်ခံရမှာဖြစ်ပြီး အခုလို ငါနဲ့အတူ ငါ့ရန်သူလို သတ်မှတ်ပြီး လုပ်ကြံသတ်ဖြတ်နေတာတွေအပေါ် လုံးဝ လက်မခံနိုင်ပါကြောင်း၊ အကြမ်းဖက်မှုတွေ စတင်ပေါ်ပေါက်လာကတည်းက ဆရာတော်ဦးဝါသဝ နှင့် အအဆက်အသွယ်ရခဲ့ပြီး အကြမ်းဖက်ဘေးအန္တရာယ်သင့် ပြည်သူများ ကူညီထောက်ပံ့ပေးနိုင်ရေး ဝိုင်းဝန်းဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ဆရာတော်က ဦးဆောင်ပြီး ရပ်ရွာအေးချမ်းသာယာရေး၊ အကြမ်းဖက်ဘေးအန္တရာယ် ကင်းဝေးစေရေး ဆောင်ရွက်ပေးနေတဲ့အပေါ်မှာ ညီညီညွတ်ညွတ်နဲ့ တည်ငြိမ်အေးချမ်းမှုကို ဖော်ဆောင်ကြဖို့ အကြံပြုဆွေးနွေးတင်ပြခဲ့ပါတယ်။
လတ်တလော ကျွန်တော်တို့ ရောက်ရှိနေတဲ့ နေရာက တည်ငြိမ်အေးချမ်းတဲ့နေရာ မဟုတ်တဲ့အတွက်တော့ ရုတ်တရက် ဘာထဖြစ်မလဲ စိုးရိမ်စိတ် ရှိပါတယ်။ ဒီကြားထဲ ရွာသူရွာသားတွေနဲ့ စကားပြောရင်း မီးက ပြတ်သွားသေးတယ်။
ညောင်ပင်ကြီးကျေးရွာ စကားဝိုင်းပြီးတော့ ပြန်ခဲ့ကြတယ်။ ဆရာတော် ဦးဝါသဝ အနေနဲ့ အကြမ်းဖက်သမားတွေကို အားမပေးဘဲ အကြမ်းဘက်ဘေးအန္တရာယ်သင့် ပြည်သူတွေကို ကူညီကယ်တင်နေတဲ့အတွက် NLD အစွန်းရောက် PDF အကြမ်းဖက်သမားတွေကတော့ ဆရာတော်ကို ပျူခေါင်းဆောင်လို့ စွပ်စွဲပြီး လူမှုကွန်ရက်စာမျက်နှာတွေမှာ ဆဲရေးတိုင်းထွာ စော်ကားရေးသားနေကြတာတွေကို တွေ့ရပါတယ်။
ကားပေါ်ရောက်လည်း စကားက လက်စမသတ်ပါဘူး။ ဆရာတော်က သူအမုန်းခံပြီး လုပ်နေရတဲ့ အလုပ်အပေါ် လမ်းမှန် ကမ်းမှန် လျှောက်နေတာ ဖြစ်တဲ့အတွက် ကျုပ်အသက်ကိုလည်း ထည့်မတွက်ထားကြောင်း၊ ဒီအလုပ်ကို စလုပ်ပါပြီ ဆိုကတည်းက အသက်ကို ဘုရားလှူထားပြီး ဖြစ်ကြောင်း၊ တခါတလေ ကိုယ်ကူညီလိုက်တဲ့ သူတွေက လိုတော့ဘုန်းဘုန်း မလိုတော့ ကတုံး လုပ်တာမျိုးတွေ မြင်ရတော့ ငါ ဒီအလုပ်ကို ရပ်သင့်ပြီလားလို့လည်း အခါခါတွေးမိကြောင်း၊ အဲဒီလို တွေးမိတဲ့အချိန် ဒုက္ခတွေ့ပြီး ကျောင်းရောက်လာကြပြန်တော့လည်း လက်မခံဘူးလို့ ပြောမထွက်ကြောင်း၊ ရပ်သင့်ပြီလားလို့ တွေးမိတိုင်း အခုမှ အစပဲရှိသေးတယ်။ အဆုံးထိရောက်အောင် လျှောက်ရအုံးမယ်လို့ တွေးပြီး ဆက်လျှောက်နေကြောင်း မိန့်ကြားပါတယ်။
ဆရာတော် ဆောင်ရွက်နေတဲ့ ကိစ္စတွေအပေါ် ကျွန်တော်တို့ရဲ့ သဘောထားအမြင်ကိုလည်း မေးပါတယ်။ ကိုချိုကြီးကတော့ ဆရာတော် ဆက်လုပ်ပေးမှ ရမယ်။ ဆရာတော် ရပ်လို့ မရဘူး။ ဆရာတော်လို ပုဂ္ဂိုလ်မျိုးကလည်း တစ်နိုင်ငံလုံးမှာ တစ်ပါးပဲ ရှိတယ်။ ဆရာတော် ရပ်လိုက်ရင် ဒီလူတွေ အားလုံး အားကိုးရာမဲ့ ဖြစ်ကုန်မှာပေါ့လို့ လျှောက်ထားပါတယ်။ ဆရာတော်ရဲ့ ဆောင်ရွက်ချက်တွေကိုလည်း အားကျဂုဏ်ယူမိကြောင်း၊ ဆရာတော်ရဲ့ ညာလက်ရုံးအနေနဲ့ ဆက်လက်ဆောင်ရွက်ပေးလိုကြောင်း လျှောက်ထားပါတယ်။
ကျွန်တော့်အနေနဲ့ကတော့ တပည့်တော်တို့က အဝေးကနေ နှုတ်၏ ဆောင်မခြင်းဘဲ လုပ်နိုင်တာ ဘုရား၊ အရှင်ဘုရား ကူညီ ကယ်တင်လို့ အသက်ပေါင်းများစွာ ချမ်းသာရာ ရခဲ့ပြီ။ လူတွေဆိုတာတော့ လိုတစ်မျိုး၊ မလိုတစ်မျိုးပါပဲ ဘုရား။ အကူအညီ လိုအပ်ချိန်မှာ တမျိုး၊ သူတို့ လိုအင်ဆန္ဒပြည့်ဝသွားရင်တစ်မျိုး၊ ဒါတွေကို ဆရာတော်တို့က တပည့်တော်တို့ထက် သိပြီးသားပဲ။ ကိုယ်စမိတဲ့ အလုပ်ကိုတော့ ဆုံးအောင် ဆက်လုပ်ဖို့ပဲ ရှိပါတယ်ဘုရားလို့ လျှောက်ထားမိပါတယ်။
ဆရာတော်က လူတွေကိုသာ ဖျောင်းဖျစည်းရုံးပြီး ကိုယ့်ရပ်ကိုယ်ရွာကို ကာကွယ်ကြဖို့၊ အနီ အစိမ်း ညီညီညွတ်ညွတ်နေကြဖို့ တရားဟောရတာ မဟုတ်ပါဘူး။ အနီအားပေး ဘုန်းကြီးတွေကိုလည်း ချော့တခါ ခြောက်တလှည့် လုပ်ရတဲ့အကြောင်းလည်း မိန့်ကြားပါတယ်။ ဆရာတော်က "ဘုန်းကြီးတွေကလည်း လွယ်တယ်မထင်နဲ့ဗျ။ အနီအားပေးဘုန်းကြီးတွေလည်း ရှိတယ်။ ကျုပ်ကတော့ လုပ်မနေဘူး။ ဘုန်းကြီးတို့က ဘာလို့ ခွဲခြား၊ ခွဲခြား လုပ်နေကြတလဲ။ အနီလည်း ကိုယ့်ဒကာ၊ ဒကာမ။ အစိမ်းလည်း ကိုယ့်ဒကာ၊ ဒကာမပဲ မဟုတ်ဘူးလား။ ဒီဒကာ၊ ဒကာမတွေရဲ့ ဆွမ်းကို စားခဲ့ပြီး အခုမှ ဘာလို့ ခွဲခြား ခွဲခြားလုပ်နေတာလဲ။ ကျုပ်ကပြောရတာပဲ။ ချော့ပြောလို့ ရရင်ရ၊ မရရင် ဆူပူအောင် မလုပ်နဲ့ဗျာ။ လုပ်ရင် ကျုပ်ကိုယ်တိုင် တွယ်မှာလို့လည်း ပြောရသေးတယ်" လို့ မိန့်ကြားပါတယ်။
ဆရာတော်က အသက်ဘေးအန္တရာယ်ကြားမှာ လှုပ်ရှားသွာလာရင် တခါတခါ အရွှန်းဖောက်ပါတယ်။ ဒကာတို့ ကျုပ်က ဒဂါလံ ကိုယ်တော် ဖြစ်နေပြီလား။ ဒကာ၊ ဒကာမ လက်လံတဲ့ ကိုယ်တော်ဖြစ်နေပြီလားလို့ မေးတတ်ပါသေးတယ်။
ဆရာတော်နဲ့ သွားရတာ ပျင်းလည်း မပျင်းရသလို သူကိုယ်တိုင် ကြောက်စိတ်မရှိတဲ့အတွက် ကိုယ်တွေလည်း ဘာမှ မဖြစ်ဘူးဆိုတာ ယုံကြည်နေမိပါတယ်။ သူ့ကို လမ်းမှာ မိုင်းစွဲတဲ့ နေရာကိုလည်း ပြပါတယ်။ ကားကျော်သွားပြီးမှ ထပေါက်ကွဲတဲ့ အတွက် အသက်ဘေးအန္တရာယ်က ကင်းလွတ်ခဲ့ရပါတယ်။
ခင်ဗျားတို့ ကံကောင်းတယ်မှတ်။ ဒီကောင်တွေ လက်ချက်က မသေးဘူး။ အစပါပျောက်သွားနိုင်တယ်။ အဲဒီတုန်းကသာ မိခဲ့လို့ကတော့ ခင်ဗျားတို့ ဦးဝါသဝ ကို ဖူးတောင် ဖူးလိုက်ရမှာ မဟုတ်ဘူးလို့လည်း ပြောပါသေးတယ်။ အဲဒီလို ရင်ဆိုင်ကြုံတွေ့ခဲ့ရလို့လည်း ဆရာတော် အကြောက်တရားဝင်ပြီး အနားယူသွားတယ်ဆိုတာ မရှိပါဘူး။ ပိုပြီး လှုပ်ရှားဆောင်ရွက်နေတယ်။ အများအကျိုးအတွက် ကိုယ့်အသက်ကို အရင်းတည်ပြီး လှုပ်ရှားဆောင်ရွက်နေတဲ့ ဆရာတော်ရဲ့ ဆောင်ရွက်ချက်တွေကို နှုတ်ကလည်း ထုတ်ဖော်မချီးကျူးဘဲ မနေနိုင်သလို ရင်ထဲကနေလည်း အကြိမ်ကြိမ်အခါခါ ဂါရဝပြုမိပါတယ်။
ဆက်လက်ရေးပါအုံးမည်။
နောင်တော်လေး (ဘိုကလေး)
https://t.me/MyanmarNationalPost

No comments:
Post a Comment