တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ထားဝယ်ခရိုင်အတွင်း၂ဝ၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း အောင်မြင်သူများအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားသို့တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ထားဝယ်ခရိုင်အတွင်း၂ဝ၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း အောင်မြင်သူများအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားသို့တက်ရောက်






MNP - ဇွန်  ၂၈


တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်အတွင်း၂ဝ၂၂ခုနှစ်၊ တက္ကသိုလ်ဝင်တန်းအောင်မြင်သူများအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်း အနားကိုယနေ့နံနက် ၁၁ နာရီက ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ကျင်းပရာ ရှေးဦးစွာအမှတ်(၃)အခြေခံပညာအထက်တန်း ကျောင်းမှကျောင်းသား/သူများက “မြန်မာ့ကျောင်း” သီချင်းဖြင့် သီဆိုဂုဏ်ပြုကြသည်။


အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက နိုင်ငံတော်အစိုးရက မြန်မာနိုင်ငံတော်ကြီးကို ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုအဖြစ်ပေါ်ပေါက်လာရန်အတွက် ဘက်စုံ၊ကဏ္ဍစုံမှ ပြည်သူလူထုဗဟိုပြု၊ ပြည်သူ့အကျိုးပြုလုပ်ငန်းစဉ်များကို ပြည်သူနှင့်အတူစုပေါင်းအင်အားဖြင့် ကြိုးပမ်းအကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း လက်ရှိပညာသင်နှစ်တွင်လည်း နိုင်ငံတော်အစိုးရအနေဖြင့် Grade-11 သင်ရိုးဟောင်းကျောင်းသား/ကျောင်းသူများကို အခြေခံပညာကျောင်းများတွင် ကျောင်းအပ် လက်ခံပြီးပညာသင်ကြားခြင်းကို ဆောင်ရွက်ပေးလျက်ရှိရာ ယခုအခမ်းအနားသို့ တက်ရောက်လာကြသူများက တစ်ဆင့် စကားတစ်ဆင့်နားကြားရလေအောင် အသိပေးဆောင်ရွက်ပေးစေလိုကြောင်း၊ ယခု နှစ်ထူးချွန်မှု ရလဒ်များအနေဖြင့် တိုင်းဒေသကြီးအတွင်း (၆)ဘာသာဂုဏ်ထူးရရှိသူ(၂)ဦး၊ (၅)ဘာသာဂုဏ်ထူးရရှိသူ(၁၂)ဦး၊ (၄)ဘာသာဂုဏ်ထူးရရှိသူ(၁၉)ဦး၊ (၃)ဘာသာဂုဏ်ထူးရရှိသူ(၃၇)ဦး၊ (၂)ဘာသာဂုဏ်ထူးရရှိသူ (၉၃)ဦး၊ (၁)ဘာသာဂုဏ်ထူးရရှိသူ(၆၄၄)ဦး၊ စုစုပေါင်း(၈၀၇)ဦးရရှိခဲ့ပြီး တနင်္သာရီတိုင်းဒေသကြီးအတွင်း ထူးချွန်အောင်မြင်ခဲ့သူများအနက် သရက်ချောင်းမြို့နယ်၊ အထက-သရက်ချောင်းမှ (၆)ဘာသာဂုဏ်ထူးရှင်မအိမြတ်ဖူးက ရမှတ်အများဆုံးဖြစ်နေသည်ကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ထုတ်ပြန်ချက်အရတွေ့ရှိရပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တက္ကသိုလ်ဝင်စာမေးပွဲမှာ ထူးချွန်ကြသောကျောင်းသား၊ကျောင်းသူများကို ထိုက်ထိုက် တန်တန်ဂုဏ်ပြုချင်သောကြောင့် ယခုလို အခမ်းအနားကျင်းပခြင်းဖြစ်ကြောင်း ပြောကြားသည်။


ထို့နောက် တိုင်းဒေသကြီးပညာရေး ညွှန်ကြားရေးမှူး ဦးဝင်းနောင်က တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင် မှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက ထားဝယ်ခရိုင်အတွင်း ၂ဝ၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် (၆)ဘာသာဂုဏ်ထူးရရှိသူမအိမြတ်ဖူး၊ (၅)ဘာသာဂုဏ်ထူးရရှိသူမဆုမြတ်ကျော်နှင့် မနန္ဒာ လင်းအား ဂုဏ်ပြုဆုချီးမြှင့်သည်။


ဆက်လက်၍ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးနှင့် တာဝန်ရှိသူများက ထားဝယ်ခရိုင်အတွင်း ၂ဝ၂၂ခုနှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင်(၄)ဘာသာဂုဏ်ထူး ရရှိသူ(၃)ဦး၊ (၃)ဘာသာ(၃)ဦး၊ (၂)ဘာသာ(၁၂)ဦး ၊(၁)ဘာသာ (၁၁၇)ဦးနှင့် ရိုးရိုးအောင်မြင်သူ(၂၄၉)ဦးအား ဂုဏ်ပြုဆုနှင့်ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ပြီး ဆုရကျောင်းသား/ကျောင်းသူများကိုယ်စား (၆)ဘာသာဂုဏ်ထူးရှင်မအိမြတ်ဖူးက ကျေးဇူးတင်စကားပြောကြားကာ အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းမှကျောင်းသား/သူများက “ပညာရေးဖြင့်ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးတည်ဆောက်အံ့”သီချင်းဖြင့် သီဆိုဂုဏ်ပြုခဲ့ကြသည်။


(၆)ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်သော မအိမြတ်ဖူးအား တိုင်းဒေသကြီးအစိုးရအဖွဲ့က ငွေကျပ်(၂၀၀၀၀၀)၊ လူမှုရေးရာဝန်ကြီးဦးယဉ်ထွေးကငွေကျပ် (၁၀၀၀၀၀) တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနက ငွေကျပ်(၁၀၀၀၀၀)၊ တိုင်းဒေသကြီး ပညာရေးညွှန်ကြားရေးမှူးမှ ငွေကျပ် (၁၀၀၀၀၀) စုစုပေါင်းငွေကျပ်(၅၀၀၀၀၀)ချီးမြှင့်ပေးအပ်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့က ထားဝယ်ခရိုင်အတွင်း ၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်တန်းတွင်အောင်မြင်သော ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့် ငွေကျပ် (၅၃၆၀၀၀၀) အပါအဝင် တိုင်းဒေသကြီးအတွင်း စုစုပေါင်းချီးမြှင့်ငွေကျပ် (၃၂၇၁၀၀၀၀) ဖြစ်ကြောင်း သတင်းရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)