ဖားကန့်မြို့နယ် ယူမာအိုးအိမ်ဝန်ထမ်းအိမ်ရာဝင်းအတွင်း မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဖားကန့်မြို့နယ် ယူမာအိုးအိမ်ဝန်ထမ်းအိမ်ရာဝင်းအတွင်း မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

 




MNP - ဇွန်  ၁၂


ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် ယူမာအိုးအိမ်ဝန်ထမ်းအိမ်ရာဝင်းအတွင်း ယမန်နေ့ နံနက်(၈)နာရီက မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ထိုသို့  မိုးရာသီသစ်ပင်စိုက်ပျိုးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ယင်းဝန်ထမ်းအိမ်ရာတွင်နေထိုင်ကြသော ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်း သစ်ပင်စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။


အဆိုပါသစ်ပင်စိုက်ပျိုးရာတွင် ကျွန်း (၁၀)ပင်၊ ပျဉ်းကတိုး (၁၀)ပင်နှင့် မန်ဂျန်ရှား (၈၀) ပင် စုစုပေါင်းပျိုးပင် (၁၀၀)ပင်အား စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။


သတင်း - မိုးသန္တာဦး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)