MNP - ဇွန် ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ၂၀၂၂ ခုနှစ် မိုးစပါးရာသီ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျော်) ထည့်သွင်းပွဲ အခမ်းအနားကို မအူပင်မြို့နယ်၊ အလန်းကျေးရွာရှိ တောင်သူ ဦးထွန်းထွန်းဝင်းပါ (၁၅)ဦး၊ ကွင်း (၉၆၁)၊ ဦးပိုင် ၃၂/၁ ရှိ လယ်မြေ ၃၈.၅ ဧကပေါ်၌ ယနေ့နံနက်ပိုင်းက ကျင်းပသည်။
အဆိုပါအခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးသန်းအောင်ဆန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးနှင့် ခရိုင်စိုက်ပျိုး ထုတ်လုပ်မှု မြင့်မားရေး အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းနှင့် မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု မြင့်မားရေး အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဝန်ထမ်းများ၊ အလန်း၊ ဝါးတောကျေးရွာရှိ တောင်သူများ တက်ရောက်ခဲ့သည်။
၂၀၂၂ ခုနှစ် မိုးစပါးရာသီတွင် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျော်) ဧက (၁၀၀၀) စိုက်ပျိုးထားပြီး ထည့်သွင်းခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment