ကျောက်ဖြူမြို့၌ အစိုးရဓမ္မာစရိယနှင့် ပထမပြန်စာမေးပွဲ အောင်မြင်တော်မူသည့် သံဃာတော်များအား စူဠဘွဲ့နှင်းသဘင်ပေးအပ်ပွဲအခမ်းအနားပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဖြူမြို့၌ အစိုးရဓမ္မာစရိယနှင့် ပထမပြန်စာမေးပွဲ အောင်မြင်တော်မူသည့် သံဃာတော်များအား စူဠဘွဲ့နှင်းသဘင်ပေးအပ်ပွဲအခမ်းအနားပြုလုပ်






MNP - ဇွန်   ၁၂


သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ပြုလုပ်ကျင်းပသည့် ၂၀၂၁ ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပထမပြန်စာမေးပွဲတွင် အောင်မြင်တော်မူသည့် ရဟန်းသံဃာတော်များအား စူဠဘွဲ့နှင်းသဘင်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၅ နာရီအချိန်က ရခိုင်ပြည်နယ်၊ ကျောက် ဖြူမြို့၊ အလယ်ပိုင်းရပ်ကွက်ရှိ နဂါးကျောင်း  ပရိယတ္တိစာသင်တိုက်၊ သီရိသုခရတနာဓမ္မာရုံတွင် ကျင်းပပြုလုပ်သည်။


အခမ်းအနားကို ‘နမောတဿ’ သုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ပြီး နိုင်ငံတော်ဩဝါဒါစရိယ၊ နဂါးကျောင်းပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် (အဂ္ဂမဟာပဏ္ဍိတ)ဘဒ္ဒန္တစက္ကိန္ဒာဘိဝံသ  မဟာထေရ်မြတ်ထံမှ တက်ရောက်လာသည့်ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်ခဲ့ကြသည်။ ဆက်လက် ၍ သံဃာတော်အရှင်သူမြတ်များက ပရိတ်တရာတော်များ ရွတ်ပွားသရဇ္ဇျာယ် ချီးမြှင့်တော်မူသည်။


ထို့နောက် ဓမ္မာစရိယ(၃)ကျမ်းအောင်မြင်သော မဟာသဒ္မ္မမ္မပန်းကုံးကျောင်း(တောင်ကုတ်)မှ သံဃာတော်အရှင်မြတ်နှင့် မြန်မာဂုဏ်ထူး အောင်မြင်သော ပညာဗိမာန်ကျောင်း(ကျောက်ဖြူ)မှ သံဃာ တော်အရှင်မြတ်အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မှလည်းကောင်း၊ အကြီးတန်းအောင် အရှင်မြတ်များအား ကျောက်ဖြူအခြေစိုက်ဗျူဟာမှူး မှလည်းကောင်း၊ အလတ်တန်းအောင် အရှင်မြတ်များအား ဒုခရိုင်ရဲတပ်ဖွဲ့မှူး မှလည်းကောင်း၊ အခြေပြူမူလတန်းအောင် သံဃာတော် များအား မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များမှ လည်းကောင်း အောင်လက်မှတ်နှင့် စာအောင်ဆု အသီးသီးအား ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက စာမေးပွဲကြီးကြပ်ဆရာတော် ကြီးများကို လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့သည်။


ဆက်လက်ပြီး မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ ကျောက်ဖြူမြို့ ဓမ္မဆာယာကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တစန္ဒာဝရထံမှ အနုမောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ပြီး ‘ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု’ သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြသည်။


အဆိုပါအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ ဆရာတော်ကြီးများနှင့် စာအောင်သံဃာ တော်များ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။


သတင်း - တင်ထွန်းဦး၊ ဖြိုးဝေလင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)