မိုင်းယောင်းမြို့နယ်၌ မိုးရာသီသစ်ပင်စိုက်ပျိုးရန် ပျိုးပင်ပေါင်း ၁၃၀၀၀ ပျိုးထောင်ထားရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းယောင်းမြို့နယ်၌ မိုးရာသီသစ်ပင်စိုက်ပျိုးရန် ပျိုးပင်ပေါင်း ၁၃၀၀၀ ပျိုးထောင်ထားရှိ

 


MNP - ဇွန်   ၁၂


ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ်တွင် ၂၀၂၂ ခုနှစ် မိုးရာသီကာလအတွင်း ပတ်ဝန်းကျင်စိမ်းလန်း စိုပြည်ရေးအတွက် တပ်ရင်းတပ်ဖွဲ့များ၊ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာများ အခမဲ့ရယူစိုက်ပျိုးနိုင်ရန် ရည်ရွယ်၍ မြို့နယ်သစ်တောဦးစီးဌာနက ပျိုးပင်ပေါင်း ၁၃၀၀၀ ပျိုးထောင်ထားကြောင်း သိရသည်။


သစ်ပင်များ စိုက်ပျိုးခြင်းအားဖြင့် မြေဆီမြေသြဇာတိုးပွားစေပြီး အပူချိန်ထိန်းညှိပေးနိုင်ခြင်း၊ ရေလွှမ်းမိုး ထိန်းသိမ်းပေးနိုင်ခြင်း စသည့်အကျိုးကျေးဇူးများရရှိနိုင်ရေး ၂၀၂၂ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးရန်အတွက် ကျွန်း၊ မန်ဂျန်ရှား၊ ခရေ၊ မဟော်ဂနီနှင့် ငုရွှေဝါ စုစုပေါင်းပျိုးပင် ၁၃၀၀၀ အား သစ်တောဦးစီးဌာန ပျိုးဥယျာဉ်တွင် ပျိုးထောင်ထားကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။


အဆိုပါပျိုးပင်များအား တပ်ရင်းတပ်ဖွဲ့များ၊ ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာများ၊ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ အဖွဲ့အစည်းများသို့ စုစုပေါင်းပျိုးပင် ၆၀၀၀ ကျော် အခမဲ့ဖြန့်ဝေပေးခဲ့ပြီးဖြစ်ကြောင်း၊ မိုးရာသီကာလအတွင်း သစ်ပင်စိုက်ပျိုးရန် ပျိုးပင်လိုအပ်နေသူများအနေနှင့် အမှတ်(၈)ရပ်ကွက်ရှိ မြို့နယ်သစ်တောဦးစီးဌာနတွင် အခမဲ့သွားရောက်ထုတ်ယူနိုင်ကြောင်း သိရသည်။


သတင်း - စိုင်းအောင်ဇော်လင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)