မိုင်းဖြတ်မြို့နယ်၊ ဟိုနားကျေးရွာ၌ မြစိမ်းရောင်(အသားကဏ္ဍ) ဖွံ့ဖြိုးတိုးတက်ရေး ကျပ်(၂၁၀)သိန်းပေးအပ်ပွဲ အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မိုင်းဖြတ်မြို့နယ်၊ ဟိုနားကျေးရွာ၌ မြစိမ်းရောင်(အသားကဏ္ဍ) ဖွံ့ဖြိုးတိုးတက်ရေး ကျပ်(၂၁၀)သိန်းပေးအပ်ပွဲ အခမ်းအနားကျင်းပ



MNP - ဇွန်   ၁၂


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင်  နိုင်ငံတော်မှထောက်ပံ့သည့် မြစိမ်းရောင်(အသားကဏ္ဍ) မွေးမြူရေးကျေးရွာ ထူထောင်ရန်အတွက် တတိယအကြိမ် ရန်ပုံငွေ ကျပ်(၂၁၀)သိန်း ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉နာရီခွဲက မိုင်းဖြတ်ကျေးရွာအုပ်စု (ဟိုနား)ရုံးခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်က အဖွင့်အမှာစကားပြောကြားရာ မြန်မာနိုင်ငံလူဦးရေ၏ (၇၀.၄)ရာခိုင်နှုန်းသည် ကျေးလက်ဒေသများတွင်နေထိုင်ပါကြောင်း၊ နိုင်ငံတော်မှ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးရန်၊ မိသားစုဝင်ငွေတိုးပွာစေရန်နှင့် တစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်ငန်းများကို စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်ရန်နှင့် စပ်လျဉ်းပြီး အမှာစကားပြောကြားခဲ့သည်။ ထို့နောက် တာချီလိတ်ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒေါက်တာတင်ကိုကိုက မြစိမ်းရောင်(အသားကဏ္ဍ)ဆိုင်ရာ သိကောင်းစရာများကို ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် တာချီလိတ်ခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာတင်ကိုကိုနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်တို့က နိုင်ငံတော်မှ ထောက်ပံ့သည့် ရန်ပုံငွေကျပ်(၂၁၀)သိန်းကို ကျေးရွာရန်ပုံငွေကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးစိုင်းခမ်းကျန်ထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး အသင်း၏လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေနှင့် ကော်မတီဝင်ကိုယ်စားမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။


အဆိုပါရန်ပုံငွေသည် စီမံကိန်းဆောင်ရွက်သည့် မိုင်းဖြတ်ကျေးရွာအုပ်စု၊ ဟိုနားကျေးရွာ၏အရင်းမပျောက် လည်ပတ်ရန်ပုံငွေဖြစ်ပြီး (တတိယ)အကြိမ်ပေးအပ်ခြင်းဖြစ်၍ ကျေးရွာပိုင်၊ အများပိုင်သည့် ရန်ပုံငွေဖြစ်ကြောင်း၊ ကျေးရွာနေပြည်သူ (၂၈)ဦးအတွက် နွားတစ်ကောင်လျှင် (၇၅၀၀၀၀)ကျပ်နှုန်းဖြင့် နွားကောင်ရေ(၂၈)ကောင်အတွက် ကျပ်(၂၁၀)သိန်းဖြစ်ကြောင်း၊ အတိုးနှုန်းမှာ ပြား(၅၀)ဖြစ်ပြီး သတ်မှတ်ကာလမှာ(၃)နှစ်ဖြစ်ကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာထွန်းဇော်ဝင်းထံမှ သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)