ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် ချင်းပြည်နယ်ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ မြေယာအသုံးချမှုနှင့် ကုန်ထုတ်စွမ်းအားတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် ချင်းပြည်နယ်ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ မြေယာအသုံးချမှုနှင့် ကုန်ထုတ်စွမ်းအားတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

 


MNP - ဇွန်   ၁၇


ချင်းပြည်နယ်ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ မြေယာအသုံးချမှုနှင့် ကုန်ထုတ်စွမ်းအားတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၂)ကို ယမန်နေ့မွန်းလွဲ ၂ နာရီက ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအတွင်းရေးမှူး ဦးမောင်မောင်ဆန်း၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်မျိုးထွဋ်လှိုင်နှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြသည်။


ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်က  ချင်းပြည်နယ်ကို ဖွံ့ဖြိုးတိုးတက်သည့် ပြည်နယ်တစ်ခု ဖြစ်လာစေရေးအတွက် အစိုးရအဆက်ဆက်မှ အစဉ်ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ လုပ်ငန်းစီမံကိန်းများနှင့် ဘတ်ဂျက်ခွဲဝေရာတွင် နိုင်ငံတော်အကြီးအကဲများက ချင်းပြည်နယ်ကို အတတ်နိုင်ဆုံး ဦးစား ပေးထားပါကြောင်း၊  ယနေ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် နိုင်ငံတော်အကြီးအကဲများ၏ စေတနာကို အလေးထား၍ ခွဲဝေခွင့်ပြုထားသည့် ရန်ပုံငွေများနှင့် ထိုက်တန်သည့် လုပ်ဆောင်ချက်များကို ဆောင်ရွက်ပြရန်လိုကြောင်း၊ မိမိတို့ဌာနအလိုက် ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲ၊ ဆောင်ရွက်ရန်ကျန်၊ ဆက်လက်ဆောင်ရွက်မည့်အစီအမံများ၊ စီမံကိန်းလုပ်ငန်းများမှ ရရှိသည့်အောင်မြင်မှုများနှင့် အောင်မြင်မှုမရှိပါက ဘာကြောင့် မအောင်မြင်ခြင်းဖြစ်သည်ကို  ရှင်းလင်းတင်ပြစေလိုကြောင်းဖြင့် အဖွင့်အမှာစကားပြောကြားသည်။


ထို့နောက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးက ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးသည် တိုက်ရိုက်ဆက်နွယ်နေပါကြောင်း၊ တည်ငြိမ်အေးချမ်းမှုမရှိပါက မည်သည့်ဖွံ့ဖြိုးရေး လုပ်ငန်းမှ ဆောင်ရွက်နိုင်မည်မဟုတ်သလို ပြည်သူများ၏ လူမှုစီးပွားဘဝမှာလည်း တိုးတက်လာမည် မဟုတ်သဖြင့် တည်ငြိမ်အေးချမ်းမှုကို လေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း ဆွေးနွေးသည်။


ယင်းနောက် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးအောင်မျိုးဦး၊ ပြည်နယ်မွေးမြူရေး နှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာကျော်လွင်၊  ပြည်နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီး ဌာနမှ ဦးစီးအရာရှိ ဦးသန်းနိုင်၊ ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရှန်းနှဲမ်ရင်၊ အမှတ် (၃) ကုန်းမြင့်ဒေသလယ်ယာမြေဖော်ထုတ်ရေးစီမံကိန်းရုံးမှ ပြည်နယ်ဦးစီးမှူး ဦးကျော်ဇောလှ၊ ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးမြင့်ကြိုင်၊ ပြည်နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးတမ်အောင်၊ ပြည်နယ်သမဝါယမဦးစီးဌာနမှ၊ ပြည်နယ်ဦးစီးမှူး ဦးမင်းဇော်ထွန်း၊ ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးဝင်းနိုင်နှင့် ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာမှူးရုံးမှ ပြည်နယ်အင်ဂျင်နီယာ ဦးမျိုးဝင်းတို့က မိမိတို့ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲ၊ ဆောင်ရွက်ရန်ကျန်နှင့် ဆက်လက်ဆောင်ရွက်မည့်အစီအမံများကို Power Point ဖြင့် တစ်ဦးချင်း ရှင်းလင်းတင်ပြကြပြီး တင်ပြချက်များအပေါ် ပြည်နယ်စီမံကိန်း ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးဝင်းမြင့်က အကြံပြု ဖြည့်စွက်ဆွေးနွေးသည်။


ထို့နောက် ပြည်နယ်အစိုရအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်ဆန်းက ပြည်နယ်အဆင့်ဌာနဆိုင်ရာများအနေဖြင့် စီမံကိန်းလျာထားချက်များပေါ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုအခြေအနေကို လုပ်ငန်းတစ်ခုချင်းအလိုက် ခွဲဝေခွင့်ပြုငွေ၊ ဆောင်ရွက်ပြီးစီးနိုင်မှုနှင့် ကုန်ထုတ်စွမ်းအား တိုးတက်မှုအခြေအနေကို စနစ်တကျပြုစုကြရန် အကြံပြုဖြည့်စွက်ဆွေးနွေးပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ် ညှိနှိုင်းပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)