မြို့သစ်မြို့ နယ် တွင်၂၀၂၂ ခုနှစ် မိုးစပါး ပျိုးထောင်ရေများ စတင်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြို့သစ်မြို့ နယ် တွင်၂၀၂၂ ခုနှစ် မိုးစပါး ပျိုးထောင်ရေများ စတင်ပေး



MNP - ဇွန်   ၉


မြို့သစ်မြို့နယ်တွင် ၂၀၂၂ ခုနှစ် မိုးရာသီတွင် မိုးစပါး( ၄၆၆) ဧကစိုက်ပျိုးရန်လျာထား ဆောင်ရွက်လျက်ရှိပြီး စိုက်ပျိုးဧရိယာတွင် အခြားသီးနှံ ပဲမျိုးစုံ နေကြာ အစရှိသော ပဲအမျိုးမျိုးအတွက်လည်း စိုက်ပျိုးရေပေးဝေသွားမည်ဖြစ်သည်။


စိုက်ပျိုးရေးအတွက် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက တောင်သူများအတွက် စိုက်ပျိုးသီးနှံများအောင်မြင်ဖြစ်ထွန်းပြီး တောင်သူများ၏ စပါးစိုက်ပျိုးခြင်းဖြင့် မိသားစု ဝင်ငွေတိုးပွားစွာရရှိနိုင်ရေးအတွက် စိုက်ပျိုးရေးလုပ်ငန်းများတွင် အဓိကလိုအပ်ချက်ဖြစ်သည့် စိုက်ပျိုးရေပြည့်ဝစွာရရှိရေးကို ဆောင်ရွက်ပေးလျက်ရှိပြီး ၂၀၂၂ခုနှစ် မိုးသီးနှံ အချိန်မီစိုက်ပျိုးနိုင်ရေးအတွက် နတ်မောက်ဆည်၊ ပုလင်းဆည်၊ ဆဒ္ဒန်ဆည်၊ စွန်ဆည်၊ ဘုတ်ချောင်းဆည်များက မိုးသီးနှံစိုက်ပျိုးရေ စတင်ပေးလွှတ်လျက်ရှိကြောင်း၊ မိုးသီးနှံစိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်းရေး စိုက်ပျိုးရေရယူသုံးစွဲနိုင်ရေးအတွက် ဒေသခံတောင်သူများနှင့်တွေ့ဆုံကာ မိုးစပါးပျိုးထောင်ရေနှင့် မိုးသီးနှံအတွက် စိုက်ပျိုးရေများ စတင်ပေးလျက်ရှိကြောင်းနှင့် စိုက်ပျိုးရေးလုပ်ငန်းများအတွက် မြို့သစ်မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိထံမှသိရသည်။


သတင်း - ကိုဇော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)