ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့၌ မြို့ရွာသန့်ရှင်းသာယာလှပရေးလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့၌ မြို့ရွာသန့်ရှင်းသာယာလှပရေးလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်



MNP - ဇွန်   ၁၈


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့ အမှတ်(၃)အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ယနေ့နံနက် ၈ နာရီက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


မြို့ရွာသန့်ရှင်းသာယာလှပရေးကို အပတ်စဉ်စနေနေ့တိုင်း ဆောင်ရွက်လျက်ရှိပြီး တပ်မတော် ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့၊ ဌာနဆိုင်ရာများက ကျောင်းတွင်း၊ ကျောင်းပြင် သန့်ရှင်းသာ ယာလှပရေးအတွက်  ချုံနွယ်ပေါင်းမြက်များရှင်းလင်းခြင်းနှင့် ခြင်ဆေးဖျန်းစက်ဖြင့် ခြင်ဆေးဖျန်းခြင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်မိခင်ကလေးစောင့်ရှောက်ရေးအသင်း တို့ပူးပေါင်း၍ ခြင်များပေါက်ဖွားခိုအောင်းနိုင်သည့် ရေစည်၊ ရေအိုး၊ ရေကန်များအတွင်း၌ ပိုးလောက်လန်းများ ပေါက်ဖွားမှုမရှိစေရန်အဘိတ်ဆေးခတ်ခြင်း  ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများစနစ်ဆောင်ရွက်ခဲ့ကြ ကြောင်းသိရသည်။


အဆိုပါ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများကို တပ်မတော်ကွန်ပျူတာနှင့် နည်းပညာ သိပ္ပံကျောင်းမှ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် သိန်းနိုင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသစီမံအုပ်ချုပ် ရေးအဖွဲ့ အတွင်းရေးမှူး ဦးတင်ထူးမောင်နှင့် အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများတို့က လှည့်လည်ကြည့်ရှု အားပေးခဲ့ကြကြောင်းသိရသည်။


သတင်း - နေမင်းထွန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)