MNP - ဇွန် ၉
ဘီးလင်းမြို့နယ်၊ ညောင်ပုလင်ကျေးရွာအုပ်စု၊ ညောင်ပလင်ကျေးရွာ၌ ယမန်နေ့ည (၁၁)နာရီ (၃၀)မိနစ် အချိန်ခန့်က မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် အလုံး (၂၀)ကျော် ခေါင်မိုးသွပ်များ လန်ပြီး ပျက်စီးသွားခဲ့ကြောင်း သိရသည်။
လေပြင်းတိုက်ခတ်ခံရမှုကြောင့် ပျဉ်ထောင်၊ သွပ်မိုးအိမ် (၁၉)လုံး၊ အုပ်ညှပ်၊ သွပ်မိုးအိမ် (၃)လုံး၊ တိုင်ထောင်၊ ဖက်မိုးအိမ် (၆)လုံးနှင့် သွပ်မိုးဈေးဆိုင်တစ်ဆိုင်တို့ အမိုးလန် ပျက်စီးခဲ့ပြီး လူနှင့် တိရစ္ဆာန်များ ဆုံးရှုံးမှုမရှိကြောင်းနှင့် အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးသင့်ပြည်သူ ကျား(၇၀)ဦး၊ မ(၅၇)ဦး၊ စုစုပေါင်း (၁၂၇)ဦးတို့အား ကျေးရွာဘုန်းကြီးကျောင်းနှင့် နီးစပ်ရာ ဆွေမျိုးများ၏ နေအိမ်များ၌ နေထိုင်နိုင်ရေး တာဝန်ရှိသူများက စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သတင်း - ထူးနောင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment