ကျိန္တလီမြို့၌ သယံဇာတထိန်းသိမ်းရေး ပညာပေးဟောပြော - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိန္တလီမြို့၌ သယံဇာတထိန်းသိမ်းရေး ပညာပေးဟောပြော

 


MNP - ဇွန်   ၄


သယံဇာတထိန်းသိမ်းရေး ခေါင်းစဉ်ဖြင့် ပညာပေးဟောပြောပွဲကို ကျိန္တလီမြို့ လှေကားထောင် ကျေးရွာအုပ်စု၊ငါးရံ့ကျော်ကျေးရွာ၌ ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်တွင် ပြုလုပ်ခဲ့သည်။


အဆိုပါဟောပြောပွဲ၌  ကျိန္တလီမြို့ငါးလုပ်ငန်းဦးစီးဌာန မြို့ဦးစီးမှူး ဦးကိုကိုနိုင်မှအဖွင့် အမှာစကား ပြောကြားရာတွင် “ ငါးရစ်ငါးသန်ဘေးမဲ့ချန်၊ ပုံမှန်စားသုံး မျိုးမသုဉ်း ” “ ငါးရစ်တစ် ကောင် သုံးလရှောင်၊ ထောင်သောင်းတိုးပွား ရေရှည်စား” ဆောင်ပုဒ်နှင့်အညီ  မိုးဦးကျကာလဖြစ် သည့် မေလအနှောင်းပိုင်းနှင့် ဇွန်၊ဇူလိုင်လများတွင် မြစ်ချောင်းအင်းအိုင် အနှံ့အပြားတို့၌ ဥများဖြင့် ပြည့်ဝနေသော ငါးမကြီးများနှင့် မျိုးရည်ပြည့်ဝနေသော ငါးထီးကြီးများသည် ဥချရန်နေရှာ၍ ငါးရစ် တက်ကြတဲ့အချိန်ဖြစ်သောကြောင့် ရေလုပ်သားများအနေဖြင့် ထိုငါးရစ်များကို အလွယ်တကူ ဖမ်းဆီးလိုက်ပါက ပေါက်ဖွားလာမည့် သန်းပေါင်းများစွာသော ငါးသားပေါက်များသည် သေကြေ ပျက်စီးကာ ရေရှည်စဉ်ဆက်မပြတ် ငါးထုတ်လုပ်နိုင်ရေးနှင့် တစ်နိုင်ငံလုံးငါးရိက္ခာဖူလုံစွာ စားသုံး နိုင်ရေးကို အထောက်အကူမပြုတော့ဘဲ ငါးမျိုးပြုန်းတီးစေနိုင်သည့်အတွက် ငါးရစ်တက်ချိန်နှင့် ငါးသားပေါက်သေ မိုးရာသီအချိန်များတွင် ငါးရစ်များလွတ်လပ်စွာ ဥချသားပေါက်နိုင်ရေးနှင့် ငါးသားပေါက်များ ဆက်လက်ရှန်သန်ကြီးထွားနိုင်ရေးအတွက် ငါးရစ်များနှင့်ငါးသားပေါက်များ ကိုဖမ်းဆီးခြင်းမပြုဘဲ ဘေးမဲ့ပေးကြရန် အသိပညာပေး ဟောပြောခဲ့သည်။


ဆက်လက်၍ ရခိုင်ကမ်းရိုးတန်းဒေသ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအသင်း(RCA) ဒုဥက္ကဌ ဦးအောင်မျိုးနိုင်မှ ရေလုပ်သားများအနေဖြင့် ငါးလုပ်ငန်းဦးစီးဌာနမှ ပြင်းထန်စွာတားမြစ်ထားသည့် ငါးဆေးချ၍ဖမ်းဆီးခြင်း၊ဘယ်ထရီရှော့တိုက်ဖမ်းဆီးခြင်း၊မိုင်းခွဲ၍ဖမ်းဆီးခြင်းများမပြုလုပ်ကြရန် နှင့် ငါးလုပ်ငန်းဦးစီးဌာနမှ ချမှတ်ထားသည့် ဥပဒေတစ်ရပ်ရပ်ကို ဖောက်ဖျက်ပါက ထောင်ဒဏ် ကျသင့်မည်ဖြစ်ပါကြောင်းနှင့် မိမိတို့ကျိန္တလီဒေသတွင် မိုင်းခွဲ၍ဖမ်းဆီးခြင်းမျိုးမတွေ့ရသော်လည်း ငါးဆေးချ၍ဖမ်းဆီးခြင်း ၊ ဘယ်ထရီရှော့တိုက်၍ ဖမ်းဆီးခြင်းများကိုတွေ့ရှိပါက သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများသို့ အချိန်မီဆက်သွယ်အကြောင်းကြားကြပါရန်နှင့် ယခုကာလသည် ငါးရစ်တက်ချိန် ဖြစ်သောကြောင့် ရေလုပ်သားများအနေဖြင့် ငါးလုပ်ငန်းဦးစီးဌာန မှချမှတ်ထားသည့် ဥပဒေများကို စနစ်တကျလိုက်နာကျရန်  အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)