ကျောက်ပန်းတောင်းမြို့တွင် လက်ထောက်မူလတန်းပြ ဆရာ/ဆရာမများ လုပ်ငန်းခွင်အကြို ရက်တိုသင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ပန်းတောင်းမြို့တွင် လက်ထောက်မူလတန်းပြ ဆရာ/ဆရာမများ လုပ်ငန်းခွင်အကြို ရက်တိုသင်တန်းဖွင့်လှစ်

 


MNP -  ဇွန်   ၄


မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်တွင် လက်ထောက်မူလတန်းပြ ဆရာ/ဆရာမ များ လုပ်ငန်းခွင်အကြို ရက်တိုသင်တန်းဖွင့်ပွဲကို၊ ယနေ့နံနက်(၉)နာရီက အမှတ်(၂) အခြေခံပညာအထက်တန်း ကျောင်း သင်တန်းခန်းမဆောင်တွင်ပြုလုပ်ခဲ့ကြောင်းသိရသည်။


အဆိုပါသင်တန်းဖွင့်ပွဲတွင် မြို့နယ်ပညာရေးမှူး ဒေါ်မော်မော်က ကြိုဆိုနုတ်ခွန်းဆက်စကားပြောကြား၍ သင်တန်းနည်းပြ ဆရာကြီး/ဆရာမကြီးများနှင့် မိတ်ဆက်ပေးကာ သင်တန်းဆိုင်ရာများအား ရှင်းလင်း ပြောကြားသည်။ ဆက်လက်၍ ဒုတိယမြို့နယ်ပညာရေးမှူး ဦးအောင်စိုးသင်းက သင်တန်းအချိန် မှန်ကန်ရေးနှင့် သင်တန်းစည်းကမ်းများကို ရှင်းလင်းပြောကြားပြီး သင်တန်းဖွင့်ပွဲကို ရုပ်သိမ်း လိုက်သည်။


ယင်းနောက် သတ်မှတ်အချိန်ဇယားအတိုင်း သင်တန်းပို့ချခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ ယခုဖွင့်လှစ်သည့်သင်တန်းတွင် တက်ရောက်ကြသည့် လက်ထောက်မူလတန်းပြ ဆရာ/ဆရာမများမှာ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ဇွန်လမှ စတင်ဖွင့်လှစ်မည့် အခြေခံ ပညာကျောင်းများရှိ လစ်လပ်နေရာများတွင် ဖြည့်ဆည်းခန့်ထား သွားမည်ဖြစ်ကြောင်း သိရပြီး၊ အဆိုပါသင်တန်းတွင် မြို့နယ်ပညာရေးမှူး၊ ဒုတိယမြို့နယ်ပညာရေးမှူးနှင့် အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းအုပ်ဆရာ/ဆရာမကြီးများက သင်တန်းနည်းပြများအဖြစ် ပို့ချသွားမည်ဖြစ်ကြောင်းနှင့် ဘာသာရပ်များအနေဖြင့် ပညာရေးမူဝါဒများ၊ သင်ရိုးသစ်အကောင်ထည်ဖော်ဆောင်ရွက်ချက်၊(၂၁)ရာစု ကျွမ်းကျင်မှုနှင့် သင်ကြားသင်ယူမှုဆိုင်ရာများ၊ နိုင်ငံဝန်ထမ်းဥပဒေနှင့် နည်းဥပဒေ၊ ဆရာကျင့်ဝတ်နှင့် ကိုယ်ကျင့်သိက္ခာအစရှိသည့် ဘာသာရပ်များကို သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။


အဆိုပါသင်တန်းသို့ ကျား(၂)ဦး၊ မ(၃၅)ဦး စုစုပေါင်းသင်တန်းသား(၃၇)ဦး တက်ရောက်ကြမည် ဖြစ်ကြောင်းသိရပြီး၊ သင်တန်းကာလမှာ (၄.၆.၂၀၂၂)ရက်နေ့မှ (၁၀.၆.၂၀၂၂)ရက်နေ့အထိ (၇)ရက် အတွင်း နေ့စဉ်နံနက်(၉)နာရီမှ ညနေ(၄)နာရီအထိဖြစ်ကြောင်းနှင့် နယ်ဝေးသင်တန်းသား၊ သင်တန်းသူများနှင့် သင်တန်းနည်းပြ ဆရာကြီး/ဆရာမကြီးများအတွက် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းအတွင်း အိပ်ဆောင်များ စီစဉ်ပေးထားကြောင်း မြို့နယ်ပညာရေးမှူး ဒေါ်မော်မော်ထံမှ သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)