(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဆုတံဆိပ်ဆွတ်ခူးရရှိခဲ့သည့် အမျိုးသမီးအားကစားသမား(၂)ဦးအား ဂုဏ်ပြုပွဲအခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကို တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဆုတံဆိပ်ဆွတ်ခူးရရှိခဲ့သည့် အမျိုးသမီးအားကစားသမား(၂)ဦးအား ဂုဏ်ပြုပွဲအခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကို တက်ရောက်




MNP ၊ ဇွန် ၂၃

၂၀၂၂ ခုနှစ်၊ ဗီယက်နမ်နိုင်ငံတွင်ကျင်းပသည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (Sea Games)တွင် ဆုတံဆိပ်ဆွတ်ခူးရရှိခဲ့သော တနင်္သာရီတိုင်းဒေသကြီးမှ အမျိုးသမီးအားကစားသမား(၂)ဦးအား ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက ဂုဏ်ပြုအမှာစကားပြောကြားရာ၌ တိုင်းဒေသကြီးမှ အမျိုးသမီးအားကစားသမား (၂)ဦးသည် ၂၀၁၉ ခုနှစ်တွင် မြန်မာ့လက်ရွေးစင် အားကစားသမားအဖြစ် ပထမဆုံးရွေးချယ်ခံရပြီး ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့သည့် (၃၀)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်ခဲ့ရာတွင် ဒုတိယ(ငွေ)တံဆိပ်နှင့် တတိယ(ကြေး)တံဆိပ်ကို စတင်ဆွတ်ခူးနိုင်ခဲ့ပြီး ဗီယက်နမ်နိုင်ငံမှာ ကျင်းပခဲ့သည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲများတွင် ဒုတိယ (ငွေ)တံဆိပ်နှင့် တတိယ(ကြေး)တံဆိပ်ကို ထပ်မံဆွတ်ခူးနိုင်ခဲ့ကြောင်း၊ တိုင်းဒေသကြီးအတွင်းမှ အမျိုးသမီးအားကစားသမားများအနေဖြင့် ဆုတံဆိပ်များဆွတ်ခူးနိုင်ခဲ့သည်မှာ တိုင်းဒေသကြီးအတွက် များစွာဂုဏ်တက်စေသောကြောင့် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်သော်လည်းကောင်း၊ တိုင်းဒေသကြီးအတွင်းမှာရှိသော ပြည်သူလူထုများ၏ ကိုယ်စားသော်လည်းကောင်း များစွာနှစ်ထောင်းအားရဖြစ်မိပါကြောင်းနှင့် ချီးကျူးဂုဏ်ပြုပါကြောင်း နောင်လာမည့် အားကစားသမားတွေအနေဖြင့် ကြိုးပမ်းအားထုတ်လေ့ကျင့်မှု၊ စည်းကမ်းလိုက်နာမှု၊ အနိုင်မခံ အရှုံးမပေးသောစိတ်ဓါတ်များနှင့်ပေါင်းစပ်ပြီး ဒီထက်မက ပိုမိုအောင်မြင်ရေးအတွက် အလေး အနက်ထားဆက်လက်ကြိုးပမ်းသွာရန်လိုအပ်ကြောင်း၊ တိုင်းဒေသကြီးအတွင်းက မြန်မာ့လက် ရွေးစင် အားကစား မောင်/မယ်များအနေဖြင့် လာမည့် ၂၀၂၃ ခုနှစ် မေလ(၅)ရက်နေ့ မှ (၁၇) ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပပြုလုပ်မည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများတွင် ယခုထက်မက ပိုမိုအောင်မြင်မှုရရှိအောင် မလျှော့သော ဇွဲ၊ လုံလ၊ အားမာန်၊ စိတ်ဓါတ်တွေနဲ့ ရေကုန်ရေခန်းပြိုင်ပွဲဝင်နိုင်ရေး ယခုကတည်းက အားထုတ်ကြိုးပမ်းပြင်ဆင်သွားကြရန်လိုအပ်ကြောင်း ပြောကြားသည်။


ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက ဂျူဒိုအားကစားပြိုင်တွင် ဒုတိယ(ငွေ) တံဆိပ်ဆွတ်ခူးရရှိသော သရက်ချောင်းမြို့နယ်မှ မခြူးမြတ်နိုးဝေအား ဂုဏ်ပြုဆုငွေကျပ် (၁၅) သိန်းအားလည်းကောင်း၊ လက်ဝှေ့ပြိုင်ပွဲတွင် တတိယ(ကြေး)တံဆိပ်ဆွတ်ခူးရရှိသော ပုလောမြို့နယ်မှ မအေးငြိမ်းထူးအား ဂုဏ်ပြုဆုငွေကျပ်(၁၀)သိန်းအားလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ပြီး ဂျူဒိုအားကစားသမား မခြူးမြတ်နိုးဝေက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)