အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးလျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးလျက်ရှိ


MNP ၊ ဇွန် ၂၃ 

 ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ အမ်းမြို့နယ်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာနမှ   ဝန်ထမ်းများ သည် ယနေ့ နေ့လည်(၁၂) နာရီအချိန်က အမှတ် (၃)ဈေးရပ်ကွက် မြန်မာ့ စာတိုက်လုပ် ငန်းသို့သွားရောက်၍  သုတ၊ ရသ၊ကာတွန်း၊ ရုပ်ပြစာအုပ်များကို မိုဘိုင်းစနစ်ဖြင့် စနစ်တကျ ငှားရမ်းပေးခဲ့သည်။

အဆိုပါ မိုဘိုင်းစနစ်ဖြင့် စာကြည့်တိုက်သို့ လာရောက်ရန်အချိန်မပေးနိုင်သူ စာဖတ်ပရိသတ်များ၊ပြည်သူများ စာပေဗဟုသုတတိုးပွားလာစေရေး၊ အတွေး အခေါ်အမျှော်အမြင်များ တိုးပွားလာပြီး ကိုယ်တိုင်တွေးခေါ်စဉ်းစားဆုံးဖြတ်တတ်လာစေရေး၊ စာအုပ်စာစောင်များ နေ့စဉ် ဖတ်ရှု့လေ့လာတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်   သုတ၊ ရသစာအုပ်များကို  မိုဘိုင်းစနစ်ဖြင့် စနစ်တကျ ငှားရမ်းပေးခဲ့သည်။

ထိုသို့ မိုဘိုင်းစနစ်ဖြင့် စာအုပ်များငှားရမ်းပေးခြင်းကို တစ်ပတ်ပြည့်လျှင် စာအုပ်စာစောင်အသစ်များဖြင့် အပတ်စဉ် လဲလှယ်ငှားရမ်းပေးသွားမည်ဖြစ်သည်။


သတင်း - စိုးမင်းထွန်း

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)