သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်းနှင့် အသက် ၈၅ နှစ်အထက် ဘိုးဘွားများ အလှူငွေ၊ အာဟာရဖြစ် အစားအသောက်များလှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်းနှင့် အသက် ၈၅ နှစ်အထက် ဘိုးဘွားများ အလှူငွေ၊ အာဟာရဖြစ် အစားအသောက်များလှူဒါန်း

 




MNP - ဇွန်   ၁၁


ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေပိုင်း) မြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများရှိ ကျောင်းသား/သူများနှင့် ရပ်ကွက်အတွင်းရှိ ပြည်သူများ သွေးလွန်တုပ်ကွေးရောဂါများ မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ခြင်း လုပ်ငန်းများကို  အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိရာ  အမှတ် (၁၃၃)ရပ်ကွက် အမှတ်(၁၉) မူလတန်းကျောင်းနှင့် စစ်ပင်တောင်ရပ်ကွက်တို့တွင် ယနေ့နံနက်ပိုင်း၌ ဖုံး၊ သွန်း၊ လဲ၊ စစ်အဘိတ်ဆေးခတ်ခြင်း၊ အသက်(၈၅)နှစ်အထက် ဘိုးဘွားများအား အလှူငွေ၊ အာဟာရဖြစ် အစားအသောက်များ လှုဒါန်းခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းများအား ဆောင်ရွက်ပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးသူဦးဆောင်၍ မြို့နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာ အသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများ၊ ဆရာ/မများ၊ ကျောင်းအကျိုးတော်ဆောင်များ ပူးပေါင်းပါဝင်သောအဖွဲ့က သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုမရှိစေရန် ကျောင်းတွင်းရေစည် ရေကန်များကို အဘိတ်ဆေးခတ်ပေးခြင်း၊ ရေကြည်ရေသန့်မှာ ပေါက်ပွားတတ်တဲ့ ပိုးလောက်လမ်း ပေါက်ဖွားမှုကို ကာကွယ်နိုင်ရန်အတွက် ရေအိုးရေကန်များ ပိုးလောက်လန်းရှိ/မရှိ စစ်ဆေးခြင်း၊ သန့်ရှင်းမှု ရှိ/မရှိစစ်ဆေးခြင်း၊ ရေတင်ကျန်တဲ့ စွန့်ပစ်ပစ္စည်းများ၊ ခွက် များကို ရှာဖွေဖယ်ရှားခြင်း၊ စစ်ပင်‌တောင်ရပ်ကွက်အတွင်း ပန်းအိုးများ၊ ရေတွင်း ရေကန်များအား ဖုံး၊ သွန်၊ လဲ၊စစ်နှင့် အဘိတ်ဆေးခတ်ခြင်းတို့အပြင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။

၎င်းနောက်စစ်ပင်တောင်ရပ်ကွက်ရှိ အသက် ၈၅ နှစ်အထက် ဘိုးဘွားများအား အလှူငွေနှင့် အာဟာရဖြစ် အစားအသောက်များ ဆက်လက်လှူဒါန်းပေးခဲ့ကြောင်း သတင်းရရှိသည်။


သတင်း - ဝင်းအိမွန်


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)