မြစ်ကြီးနားမြို့တွင် မိုးများအဆက်မပြတ် ရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေမြင့်တက် - Myanmar National Post

Myanmar National Post

News Agency

Breaking

မြစ်ကြီးနားမြို့တွင် မိုးများအဆက်မပြတ် ရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေမြင့်တက်

 


MNP - ဇွန်  ၁၇


ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် မိုးများအဆက်မပြတ် ရွာသွန်းမှုကြောင့် ယမန်နေ့ နေ့လယ် (၁၂)နာရီ တိုင်းတာချက်အရ ဧရာဝတီမြစ်ရေ စိုးရိမ်ရေအမှတ် (၁၂၀၀) စင်တီမိတာသို့ ရောက်ရှိရန် (၂၅၅) စင်တီမိတာသာ လိုတော့ကြောင့် ကချင်ပြည်နယ် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးထံမှ သိရသည်။


ကချင်ပြည်နယ် အထက်ပိုင်းဒေသများဖြစ်သည့် မေခ၊ မလိခ မြစ်ဖျားခံရာ ပူတာအို၊ မချမ်းဘော၊ ချီဖွေနှင့် ဆော့လော်ဒေသများတွင် မိုးများ အဆက်မပြတ် ရွာသွန်းနေသည့်မှာ (၁)ပတ်ကျော်ခန့် ရှိပြီဖြစ်၍ ဧရာဝတီမြစ်ရေကြီးမှုဖြစ်ကြောင်း သိရသည်။


ဧရာဝတီမြစ်ရေ မြင့်တက်လာသောကြောင့် မြစ်ကမ်းအနီးနေထိုင်သူများ၊ ရေလုပ်သား ပြည်သူများအနေဖြင့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ် ထားရန်နှင့် မြစ်ရေသတိပေး ထုတ်ပြန်ချက်များကို အထူးသတိပြုစေလိုပြီး နိုးနိုးကြားကြား သတိဝီရိယရှိရှိ နေထိုင်ကြစေလိုကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးက တိုက်တွန်း‌ပြောကြားသည်။


သတင်း - ယော်ဆောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)