သာယာဝတီမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ၅၀.၀၈ ရာခိုင်နှုန်း အောင်မြင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာယာဝတီမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ၅၀.၀၈ ရာခိုင်နှုန်း အောင်မြင်



MNP - ဇွန်   ၁၇


၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်သူများစာရင်းအား မြန်မာနိုင်ငံတစ်ဝှမ်းရှိ သက်ဆိုင်ရာမြို့နယ်အသီးသီး၏ မြို့နယ်ပညာရေးမှူးရုံးများနှင့် စာစစ်ဌာနများတွင် ယနေ့ နံနက် ၆ နာရီကစတင်၍ ထုတ်ပြန်လျက်ရှိရာ သာယာဝတီမြို့နယ်၌ တက္ကသိုလ် ဝင်တန်းအောင်စာရင်းအား ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများက လာရောက်ကြည့်ရှုလျက်ရှိသည်။


တက္ကသိုလ်ဝင်တန်းအောင်မြင်သူများ စာရင်းလာရောက်ကြည့်ရှုသူများ စိတ်အေးချမ်းသာစွာ ကြည့်ရှုနိုင်စေရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာဌာနဆိုင်ရာများက ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျက်ရှိသည်။


သာယာဝတီမြို့နယ်အတွင်းရှိ စာစစ်ဌာန (၃) ခုတွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုသူ ကျောင်းသား / ကျောင်းသူ စုစုပေါင်း ၁၁၆၂ ဦးရှိကာ အောင်မြင်သူ ၅၈၂ ဦးရှိပြီး အောင်ချက်ရာခိုင်နှုန်းမှာ ၅၀.၀၈ ရာခိုင်နှုန်းရှိသည့် အပြင် ငါးဘာသာဂုဏ်ထူးရှင် ၁ ဦး၊ လေးဘာသာဂုဏ်ထူးရှင် ၄ ဦး၊ သုံးဘာသာဂုဏ်ထူးရှင် ၁၄ ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၁၃ ဦးနှင့် တစ်ဘာသာ ဂုဏ်ထူးရှင် ၂၅၄ ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


သတင်း - သန့်ဇော် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)