ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းထုတ်ပြန် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းထုတ်ပြန်

 




MNP - ဇွန်   ၁၇


ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် အခြေခံပညာဦးစီးဌာနမှ၂၀၂၂ ခုနှစ် မတ်လ (၃၀)ရက်နေ့မှ ပြုလုပ်ခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းကို ယနေ့နံနက်ပိုင်း(၀၆:၀၀)နာရီက မြို့နယ်အတွင်းရှိ စာစစ်ဌာန (၅)ခုတွင် စတင်ထုတ်ပြန်ပေးလျက်ရှိကြောင်း သိရသည်။


 အဆိုပါ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအောင်စာရင်း ထုတ်ပြန်ရာတွင် လူစုလူဝေး မဖြစ်ပေါ်စေရေးတို့အတွက် ကျန်းမာရေဝန်ကြီးဌာနမှ ညွှန်ကြားချက်များနှင့်အညီ ထုတ်ပြန်ကြေညာထားရှိရာ မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ(၁၂၉၁)ဦး ဝင်ရောက်ဖြေဆိုကြပြီး အောင်မြင်သူ (၅၆၃)ယောက်ရှိကာ အောင်မြင်မှု (၄၃.၆၁)ရာခိုင်နှုန်းရှိပြီး (၅)ဘာသာ ဂုဏ်ထူးရှင် (၃) ဦး၊ (၄)ဘာသာဂုဏ်ထူးရှင်(၁)ဦး၊ (၃)ဘာသာဂုဏ်ထူးရှင်(၁၇)ဦး၊(၂)ဘာသာ (၂၁)ဦး၊ (၁)ဘာသာ ဂုဏ်ထူးရှင်(၁၆၁)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ်ပညာရေးမှူး ဒေါ်အေးမြင့်ခိုင်ထံမှ သိရသည်။


သတင်း - သက်မင်းဟန်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)