ကျွန်တော်တို့ ဘဝက လမ်းဆုံးပြီးလား (တက္ကသိုလ်ဝင်တန်းကျ ကျောင်းသားတစ်ဦး၏ အိတ်ဖွင့်ပေးစာ) - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျွန်တော်တို့ ဘဝက လမ်းဆုံးပြီးလား (တက္ကသိုလ်ဝင်တန်းကျ ကျောင်းသားတစ်ဦး၏ အိတ်ဖွင့်ပေးစာ)



၃လကျော်နဲ့ ဖြေရတဲ့ ကျွန်တော်တို့ကို သနားညှာတာပြီး အကျဘာသာတွေကိုဘဲပြန်လည်ဖြေပေးစေ့ချင်ပါတယ်။ အထက်ကို တင်ပြပေးပါဗျာ။ နိုင်ငံရေးမတည်မငြိမ်ဖြစ်နေချိန် စားဝတ်နေရေးကအစ ခက်ခဲနေတဲ့အချိန်မလို့ပါဗျာ။ ကျေးဇူးပြု၍ အထက်ကိုတင်ပြပေးပါ။

ကျွန်တော် ၂၀၁၉ နပန-၁၈၀ ၂၀၂၀ နပန-၂၂၇ phy-31 နဲ့ကျတာ ခုကော ကျတာဗျာ။ ငိုဘဲငိုချင်လာတော့တယ် မိသားစုစားဝတ်နေရေးကော၊ အလုပ်ကော သူများတွေလို တက္ကသိုလ်တက်ချင်တယ်။ သူငယ်ချင်းတွေ အကုန်အောင်ပြီး အမြဲကျန်ကျန်ခဲ့တယ်ဗျာ။

ကျွန်တော့လို လူတွေလည်းအများကြီးပါဗျာ။ သနားညှာတာ၍ အထက်ကိုတင်ပြပေးပါဗျာ။ ခုခေတ်ကြီးက အပေါက်စောင့်တောင် ၁၀တန်းအောင်မှ ခန့်တာမလို့ပါဗျာ။

သနားညှာတာသောအားဖြင့် ပညာရေးဘက်ကသကိဆိုင်ရာလူကြီးတွေကိုတင်ပြေပေးပါဗျာ။ သူများ‌‌တွေလို တက္ကသိုလ်တွေတက်ချင်တယ်။ ဖအေဒုက္ခိတနဲ့ အမေကိုလုပ် ကျွေးချင်တယ်။ အလုပ်ကရတဲ့လစာနဲ့ အဆင်မပြေဘူး။ ၁၀တန်းအောင်မှဖြစ်မှာမလို့ပါဗျာ။ သနားညှာတာသောအားဖြင့် ပြောပေးပါ။ 

ကျွန်တော်ဒီနှစ်စာမေးပွဲကျပါတယ် အတော်များများအောင်ကြပါတယ် ၂၀၁၉/၂၀၂၀ တစ်ဘာသာကျနဲ့ ၂၀၂၂ ဆက်ဖြေခဲ့ပါတယ် မအောင်ပါဘူး။

၁၀တန်းက ရှိသေးလားဗျ။ ကျွန်တော်တို့ မိသားစုကျန်းမာရေး စားဝတ်နေရေးအခက်အခဲပေါင်းစုံနဲ့ ကျွန်တော်အလုပ်လုပ်ခဲ့ သူငယ်ချင်းတိုင်းလည်းအောင်တယ်။ သူများ‌‌တွေလို ကျွန်တော်တို့လည်းတက္ကသိုလ်တွေ တက်ချင်တယ်။ အမြဲတစ်ဘာသာစီ ထိပြီးကျနေတာ ခု၁၀တန်းက ရှိ/မရှိ မသိတော့ ကျွန်တော်ဘဝက လမ်းဆုံးသွားပြီလား။ 

ဘယ်အလုပ်မဆို အလုပ်ရှင်အကုန်လုံးနီးပါးက ၁၀တန်းအောင်မှခန့်ချငိကြတယ်။ အပေါက်စောင့်ကအစ ၁၀တန်းအောင်မှဆိုပြီးပြောကြတာ ကျွန်တော်တို့ကို သနားညှာတာပေးပါအုံးလား။ ကိုဗစ်ကြောင့် အသက်၁၉/၂၀ ကြားရောက်နေပြီ စာမကြိုးစားလည်းမဟုတ်ပါဘူး။ အမြဲတစ်ဘာ အလိုနဲ့ကြည့်ကျနေတယ်။ ကျွန်တော်လည်းလူငယ်ဘဲ တက္ကသိုလ်တက်ချင်တယ်။ ၁၀တန်းအောင်ချင်တယ်။ ကျွန်တော်တို့ဘဝက လမ်းဆုံးသွားပြီလားဗျာ။

ဒီစကားတွေ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်မှုးကြီးဇော်မင်းထွန်းကို တင်ပြပေးပါ။ ကျွန်တော်စာမေးပွဲဖြေတဲ့ လူနည်းစုကို အခွင့်အရေးလေးတစ်ခါလောက်ပေးစေချင်ပါတယ်။ စစ်တက္ကသိုလ်မကလို့ ဘယ်တက္ကသိုလ် တက်ရ တက်ရ မြန်မာနိုင်ငံတော်က ပေးတဲ့ဘွဲ့‌နဲ့ ၁၀တန်းအောင်လက်မှတ်နဲ့ ဘယ်အခြားအစားထိုးလို့မရပါဘူးခင်ဗျာ။ ဒီနိုင်ငံမှာရှိနေသ၍ အလွန်အရေးကြီးပါတယ်ခင်ဗျာ။ 

သနားညှာတာလျော့ပေါ့ပေး၍ ကျွန်တော့လို ၁၀တန်းမှာ လမ်းဆုံးနေတဲ့ လမ်းဆုံးမလိုဖြစ်မဲ့ လူတွေအများကြီးပါ။ တိုင်းပြည်အတွက် အကြိုးပြုမည့် လူများလည်းဖြစ်နိုင်ပါတယ်ခင်ဗျာ။ လေးစားစွာဖြင့် ပြန်ကြားရေးဝန်းကြီးထံသို့ တင်ပြ ရေးတင် တောင်းဆိုပါတယ် ခင်ဗျာ။ သနားညှာတာသောအားဖြင့် တပ်မတော်ကိုယုံကြည်လို့ ဖြေခဲ့ကြတဲ့လူတွေပါ။ ၂၀၂၂ တက္ကသိုလ်ဝင်စာမေးပွဲက ယခင်နှစ်တွေ၃သိန်းကျော် အအောင်ပေးနေကြပါ။ ယခုအာလုံးမှ ၂သိန်း၈သောင်းလေးကို  သက်ဆိုင်ရာ တက္ကသိုလ်တက်ခိုင်းစေပြီး လစ်ဟနေတဲ့ နိုင်ငံတော်တာဝန်ထမ်းဆောင်နေတဲ့ဝန်ထမ်းများစွာ နေရာမှာအစားထိုးနိုင်မှာလည်းဖြစ်ပါတယ်။ ကျွန်တော်လည်း မြန်မာ့တပ်မတော်ကို ယုံကြည်အားကိုး၍ စာမေးပွဲဖြေခဲ့ပါသည်။

မဖြစ်နိုင်မှန်းလည်း ကျွန်တော်တို့သိပါတယ်။ ဗိုလ်ချုပ်တို့သိလျှင် ကျွန်ုပ်တို့ကို ပြစ်ထားမည်မဟုတ် ဟု ယုံကြည်ပါသည်။ တင်ပြပေးပါ။


တက္ကသိုလ်ဝင်တန်းကျ ကျောင်းသားတစ်ဦး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)