နောင်တရားမြို့ အ.ထ.ကကျောင်း၌ ကျောင်းစုဝေးကွင်းကို ဒေသခံများက ကိုယ့်အားကိုယ်ကိုးကွန်ကရစ်ခင်းခြင်း ဆောင်ရွက်ပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

နောင်တရားမြို့ အ.ထ.ကကျောင်း၌ ကျောင်းစုဝေးကွင်းကို ဒေသခံများက ကိုယ့်အားကိုယ်ကိုးကွန်ကရစ်ခင်းခြင်း ဆောင်ရွက်ပေး





MNP - ဇွန်   ၂၄


ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ အခြေခံပညာအထက်တန်း ကျောင်း၌ ကျောင်းသားကျောင်းသူများ စုဝေးရာနေရာဖြစ်သည့် ကျောင်းစုဝေးကွင်းကို ဒေသခံပြည်သူများနှင့် ကျောင်းကော်မတီဝင်များက ကိုယ့်အားကိုယ်ကိုးစနစ်ဖြင့် ကွန်ကရစ်ခင်းဆောင်ရွက်သည်။


အခြေခံပညာအထက်တန်းကျောင်း ကျောင်းစုဝေးကွင်းတွင် ကျောင်းသားကျောင်းသူများ နိုင်ငံတော်အလံအလေးပြုခြင်း၊ ဟောပြောပွဲများဆောင်ရွက်ခြင်း၊ ကိုယ်ကာယလေ့ကျင်းခန်းများပြုလုပ်ခြင်း ဆောင်ရွက်လျက်ရှိပြီး ကျောင်းစုဝေးကွင်းကို မြေသားမှ ကွန်ကရစ်ခင်းအဆင့် မြှင့်တင်ခြင်းလုပ်ငန်းကို ဒေသခံပြည်သူများနှင့် ကျောင်းကော်မတီဝင်များက စုပေါင်းထည့်ဝင် လှူဒါန်းငွေဖြင့် ဆောင်ရွက်သည်။ အဆိုပါ ကျောင်းကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို နောင်တရားမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးစိုင်းချမ်းမြေ့ဝင်းက ကြည့်ရူအားပေးပြီး ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ၉၀ ရာခိုင်နှုန်းကျော် ပြီးစီးလျက်ရှိကြောင်း သိရသည်။


သတင်း - ခွန်အောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)