ချီဖွေ-ဝိုင်းမော်-မြစ်ဆုံဓာတ်အားလိုင်းနှင့် မလွတ်ကင်းသည့် နှစ်ရှည်ပင်များ လျော်ကြေးပေးနိုင်ရေးအတွက် ကချင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၄/၂၀၂၂) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချီဖွေ-ဝိုင်းမော်-မြစ်ဆုံဓာတ်အားလိုင်းနှင့် မလွတ်ကင်းသည့် နှစ်ရှည်ပင်များ လျော်ကြေးပေးနိုင်ရေးအတွက် ကချင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၄/၂၀၂၂) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ



MNP - ဇွန်   ၂၄


ချီဖွေ-ဝိုင်းမော်-မြစ်ဆုံဓာတ်အားလိုင်း (၁၁၀ ကေဗွီ) နှင့် မလွတ်ကင်းသည့် နှစ်ရှည်ပင်များ ခုတ်လှဲနိုင်ရေးနှင့် လျော်ကြေး ပေးအပ်နိုင်ရေးအတွက် ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည့် ကချင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၄/၂၀၂၂) လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ကော်မတီ အဖွဲ့ဝင် များနှင့် ခြံပိုင်ရှင်များပါဝင်၍ ညှိနှိုင်းဆွေးနွေး ခဲ့ကြသည်။


ထိုသို့ ဆွေးနွေးရာတွင် ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် က နိုင်ငံတော် အစိုးရ၏ ဦးတည်ချက်အတိုင်း ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်၍ မိမိတို့ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်နယ်သူ၊ ပြည်နယ်သားများ အလုပ်အကိုင်အခွင့် အလမ်းများ ရရှိရေးအတွက် ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အတွက် လျှပ်စစ်စွမ်းအားလုံလောက်စွာ ရရှိရေးသည်လည်း အခြေခံကျသည့် ကဏ္ဍဖြစ်ပါ ကြောင်း၊ ထို့ကြောင့် ယနေ့ တက်ရောက်လာကြသည့် သူများအနေဖြင့် ချီဖွေ-ဝိုင်းမော် -မြစ်ဆုံ ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသည့် နှစ်ရှည်ပင်များ ခုတ်လှဲနိုင်ရေး၊ တောင်သူနစ်နာမှု မရှိအောင် လျော်ကြေးပေးအပ်နိုင်ရေး ညှိနှိုင်း ဆွေးနွေးဆောင်ရွက်သွားရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။


ယင်းနောက် ချီဖွေငယ်ရေအားလျှပ်စစ် ကုမ္ပဏီလီမိတက်နှင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ မြစ်ဆုံ ဓာတ်အားခွဲရုံနှင့် ဝိုင်းမော်မဟာဓာတ်အားလိုင်းခွဲရုံတို့မှ တာဝန်ရှိသူများက ၁၁၀ ကေဗွီ ချီဖွေ-ဝိုင်းမော်-မြစ်ဆုံဓာတ်အားလိုင်းရှိ လျှပ်စစ်အန္တရာယ်ကင်းလွတ်မှုမရှိသော သစ်ပင်များနှင့် စပ်လျဉ်း၍ ၂၀၂၂ ခုနှစ်၊ မေလအတွင်း ဓာတ်အားလိုင်း ကြံ့ခိုင်ရေး စစ်ဆေးဆောင်ရွက်ခဲ့စဉ် ကောက်ယူရရှိခဲ့သော ဒေသခံစိုက်ခြံပိုင်ရှင်များ၏ နှစ်ရှည်ပင်စာရင်းများ၊ လျော်ကြေးပေး အပ်နိုင်ရေး အပင်အမျိုးအစား အလိုက်သစ်တောဦးစီးဌာန၏ (၁)ဧကသတ်မှတ်ချက်အရ ချီဖွေငယ်ရေအား လျှပ်စစ် ကုမ္ပဏီမှ ခန့်မှန်း တွက်ချက်ထားသော လျော်ကြေးနှုန်းထားများနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြပြီး မန်ဝိန်းကျေးရွာ၊ ဝါရှောင်ကျေးရွာ၊ နောင်ချိန်းကျေးရွာတို့မှ စိုက်ခြံပိုင်ရှင်များက လိုလားချက်များအပေါ် ရှင်းလင်းတင်ပြကြရာ ပြည်နယ် ဝန်ကြီးများနှင့် ကော်မတီအဖွဲ့ဝင်များက သုံးသပ်ရှင်းလင်းဆွေးနွေးတင်ပြကြသည်။


တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က မြို့နယ်အဆင့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့နှင့် မြေပြင်အခြေအနေ ကွင်းဆင်းစစ်ဆေးနိုင်ရေးအတွက် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)