ဗဟန်းမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် အားကစားသရုပ်ပြပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗဟန်းမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် အားကစားသရုပ်ပြပွဲ အခမ်းအနားကျင်းပ


 MNP - ဇွန်   ၂၄


ဗဟန်းမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် အားကစားသရုပ်ပြပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီက‌ ရွှေနန်ယန်ခန်းမ၌ ကျင်းပပြုလုပ်သည်။


ရှေးဦးစွာ ဗဟန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန္ဒာဌေးမှ လူငယ်များအနေဖြင့် ပညာရေးကဏ္ဍအပြင် စာရိတ္တကောင်းမွန်ရေး၊ ပေါင်းသင်း ဆက်ဆံရေးနှင့် ကျန်းမာရေးကောင်းမွန်စေရေး၊ ကြီးပွားရေးအမြင်ရှိစေရေးတို့အပြင် မျိုးချစ် စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်ရှင်သန် ထက်မြက်စေရေးတို့နှင့်စပ်လျဉ်း၍လည်းကောင်း အသိပညာပေးပြောရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။


ထို့နောက်အနောက်ပိုင်းခရိုင် ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင့်ဝေမှ ကျောင်းသား၊ ကျောင်းသူများသည် နိုင်ငံတော်တာဝန်ကို ပခုံးပြောင်းထမ်း ဆောင်ရမည့် လူကောင်း၊ လူတော်များဖြစ်စေလိုကြောင်းနှင့် အမျိုးဂုဏ်၊ ဇာတိဂုဏ်များ ထိန်းသိမ်းစောင့်ရှောက်နိုင်စေရန်တို့ကိုလည်းကောင်းဟောပြောသည်။ အားကစားနှင့်လူ့ငယ်ရေးရာဝန်ကြီးဌာန၊ အနောက်ပိုင်းခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဖြိုးပိုပိုထွေးက ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်ထက်မြက်သော ကျောင်းသား၊ ကျောင်းသူများ ဖြစ်လာစေရန်၊ အားကစားကဏ္ဍနှင့် သက်ဆိုင်သည့် အခြေခံအချက်(၄)ချက်တို့ကို လည်းကောင်း၊ ရှင်းလင်းပြောကြားသည်။


ဆက်လက်၍ အားကစားနှင့်လူငယ်ရေးရာဌာနမှ မြန်မာ့ရိုးရာခြင်းလုံး အားကစားနည်းနှင့် Fitness Dance အားကစားနည်း သရုပ်ပြသပေးခဲ့သည် ယနေ့ပြုလုပ်သော အခမ်းအနားသို့ ကျောင်းသူကျောင်းသား (၂၅၀)ဦးခန့် တက်ရောက်ကြောင်း သိရသည်။


သတင်း - ကျော်ဆန်းမြင့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)