အမေရိကန် ဒုံးလောင်ချာစနစ် ယူကရိန်းသို့ရောက်ရှိ၊ အမေရိကန်၌ ယူကရိန်းက ကြေးစားတပ် ခေါ်ယူခြင်းကို အမေရိကန်မှတားဆီးရန် ရုရှားတောင်းဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမေရိကန် ဒုံးလောင်ချာစနစ် ယူကရိန်းသို့ရောက်ရှိ၊ အမေရိကန်၌ ယူကရိန်းက ကြေးစားတပ် ခေါ်ယူခြင်းကို အမေရိကန်မှတားဆီးရန် ရုရှားတောင်းဆို


ပေကျင်း၊ ဇွန် ၂၄ 

အမေရိကန်နိုင်ငံမှ ‌ပေးပို့သည့် ရွှေ့လျားမှုစွမ်းရည်မြင့်မားသော ဒုံးလောင်ချာစနစ် (HIMARS) သည် ယူကရိန်းနိုင်ငံသို့ ရောက်ရှိပြီဖြစ်ကြောင်း ယူကရိန်း ကာကွယ်ရေးဝန်ကြီး Oleksii Reznikov က ဇွန် ၂၃ ရက်တွင် ပြောကြားခဲ့သည်။ အမေရိကန်ဆိုင်ရာ ယူကရိန်းသံရုံးမှ ကြေးစားတပ်များ တရားဝင်ခေါ်ယူခြင်း လုပ်ဆောင်ချက်ကို အမေရိကန်အနေဖြင့် တားဆီးရန် အခိုင်အမာတောင်းဆိုကြောင်း ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Zakharova က ဇွန် ၂၃ ရက်တွင် ပြောကြားခဲ့သည်။ 

အမေရိကန်မှ ‌ပေးပို့သည့် ရွှေ့လျားမှုစွမ်းရည်မြင့်မားသော ဒုံးလောင်ချာစနစ်(HIMARS)သည် ယူကရိန်းသို့ ရောက်ရှိပြီဖြစ်ကြောင်း Reznikov က ဇွန် ၂၃ ရက်တွင် ဆိုရှယ်မီဒီယာ၌ ရေးသားခဲ့သည်။ သို့သော် ၎င်းက ယခုအကြိမ် အမေရိကန်ပေးပို့သည့် ဒုံးကျည်လောင်ချာနှင့် ခဲယမ်းမီးကျောက် အရေအတွက် ကိုမူ ထုတ်ဖော်ပြောထားခဲ့ခြင်းမရှိပေ။ ယခုတစ်သုတ်တွင် ပါဝင်သောလက်နက်များသည် အမေရိကန်မှ ယူကရိန်းသို့ ပေးပို့သော ကန်ဒေါ်လာ တန်ဖိုး သန်း ၇၀၀ ရှိသည့် လုံခြုံရေးအထောက်အပံ့မှ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း သိရသည်။  

အမေရိကန်ဆိုင်ရာ ယူကရိန်းသံရုံးမှ ကြေးစားတပ်များ တရားဝင်ခေါ်ယူခြင်း လုပ်ဆောင်ချက်ကို အမေရိကန်အနေဖြင့် တားဆီးရန် ရုရှားက အခိုင်အမာတောင်းဆိုကြောင်းနှင့် ယင်းလုပ်ဆောင်ချက်က ခန့်မှန်း၍မရနိုင်သော အကျိုးဆက်များ ဖြစ်ပေါ်လာနိုင်ကြောင်း Zakharova က ဇွန် ၂၃ ရက်တွင် ပြောကြားခဲ့သည်။ အမေရိကန်မှ ယင်းလုပ်ဆောင်ချက်ကို လျစ်လျူရှုထားခြင်းက အမေရိကန်အနေဖြင့် ယူကရိန်းအကျပ်အတည်းကို ဖြေရှင်းရန် စိတ်မပါကြောင်းနှင့် ပဋိပက္ခအဆင့်မြင့်တက်ရန် ကူညီခြင်းဖြင့် ရုရှားအပေါ် ဗျူဟာမြောက်အနိုင်ယူရန် ကြိုးပမ်းသည့် ရည်ရွယ်ချက်ကို ထပ်မံပေါ်လွင်စေကြောင်း ၎င်းက ဆိုသည်။

ရုရှားသည် ဥရောပသို့ စွမ်းအင်ထောက်ပံ့သည့် တာဝန်အားလုံးကို တင်းတင်းကျပ်ကျပ် လုပ်ဆောင်လျက်ရှိကြောင်း ရုရှား သမ္မတ၏ပြန်ကြားရေး အတွင်းဝန် Dmitry Peskov က ဇွန် ၂၃ ရက်တွင် မီဒီယာများအား ပြောကြားခဲ့သည်။ ရုရှားက Nord Stream ပိုက်လိုင်းမှတဆင့် ဂျာမနီသို့ သဘာဝဓာတ်ငွေ့ ပေးပို့မှု ရပ်တန့်ခြင်းကို ဂျာမနီက စိုးရိမ်နေသည်ဟူသော မေးခွန်းနှင့်ပတ်သက်၍ ဖြေကြားရာတွင် Peskov က ဆယ်စုနှစ်အတွင်း ရုရှားက ဥရောပ၏ ယုံကြည်စိတ်ချရသာ စွမ်းအင်ထောက်ပံ့သူဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဤဂုဏ်ကို ရုရှားအနေဖြင့် အလွန်တန်ဖိုးထားကြောင်းနှင့် မိမိလုပ်ဆောင်ရမည့် တာဝန်ဝတ္တရားကို တင်းတင်းကျပ်ကျပ် လုပ်ဆောင်လျက်ရှိကြောင်း ၎င်းကပြောကြားခဲ့သည်။ 

ရုရှားစစ်တပ်သည် မြောက်ပိုင်းဒေသ Donetsk နှင့်  Toshkovka သို့ ဦးတည်တိုက်ခိုက်နေကြောင်းနှင့် ယူကရိန်းစစ်တပ်သည် အလွန်ခက်ခဲသော အခြေအနေတွင်ရှိနေကြောင်း လူးဟန့်စ်ခ်ဒေသ စစ်ဦးစီးချုပ် Sergei Gede Luhansk က ဇွန် ၂၃ ရက်တွင် ဆိုရှယ်မီဒီယာ၌ ပြောကြားခဲ့သည်။

ရုရှားအထူးစစ်ဆင်ရေးလုပ်ဆောင်ပြီးနောက်ပိုင်း ရုရှားတပ်မှ ဖျက်ဆီးခဲ့သည့် ယူကရိန်းစစ်တပ် လေယာဉ် ၂၁၁ စင်း၊ ရဟတ်ယာဉ် ၁၃၂ စင်း၊ မောင်းသူမဲ့လေယာဉ် ၁,၃၂၉ စင်း၊ လေကြောင်းရန်ကာကွယ်ရေးစနစ် ၃၄၉ စုံ၊ တင့်ကားနှင့်သံချပ်ကာယာဉ် ၃,၇၅၀ စီး၊ ဘဇူကာ ဒုံးလောင်ချာ ၆၄၇ လက်၊ အမြောက်နှင့်စိန်ပြောင်း ၂,၀၈၈ လက်၊ စစ်ဘက်သုံးအထူးယာည် ၃,၈၁၈ စီး ရှိပြီဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဇွန် ၂၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။ 


Ref : (ဆင်ဟွာ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)