ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲနှင့် ဒိုင်သင်တန်းဆင်းပွဲသို့ တက်ရောက်အားပေးချီးမြှင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲနှင့် ဒိုင်သင်တန်းဆင်းပွဲသို့ တက်ရောက်အားပေးချီးမြှင့်


MNP ၊ ဇွန် ၂၄

ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံရိုးရာ လက်ဝှေ့အဖွဲ့ချုပ် (အထက်မြန်မာပြည်)က ကြီးမှူးကျင်းပသည့် အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့ အထိမ်းအမှတ် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲနှင့် ဒိုင်သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ညနေ ၄ နာရီက ပြည်နယ် ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အားပေး၍ ဂုဏ်ပြုဆုများ ပေးအပ် ချီးမြှင့်သည်။


ရှေးဦးစွာ မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ် (အထက်မြန်မာပြည်) တာဝန်ရှိသူများ၊ ဒိုင်အဖွဲ့ဝင်များ၏ ကြီးကြပ်မှုဖြင့်ကျင်းပသည့် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲအဖြစ် သရဖူ၊ တကောင်ဘွား၊ ဟူးကောင်းကျား၊ စက်ရုံ၊ ကျားဖြူ ရိုးရာလက်ဝှေ့ကလပ်တို့မှ တွဲဆိုင်း(၅) ဆိုင်းဖြင့် ယှဉ်ပြိုင်ထိုးသတ်မှုကို အားပေးကြည့်ရှုခဲ့ကြပြီး ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာနှင့် ပြည်နယ်ဝန်ကြီးများက တွဲဆိုင်းအလိုက် ဆုတံဆိပ်များနှင့် ချီးမြှင့်ငွေများကို ပေးအပ် ချီးမြှင့်ခဲ့ကြသည်။


ထို့နောက် ဂုဏ်ပြုမှတ်တမ်းလွှာနှင့် သင်တန်းဆင်းလက်မှတ်များကို ဆက်လက်ပေးအပ်ရာ ပြည်နယ် ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက မြန်မာနိုင်ငံရိုးရာ လက်ဝှေ့အဖွဲ့ချုပ် (အထက်မြန်မာပြည်)နှင့် ကချင်ပြည်နယ် မြန်မာ့ရိုးရာလက်ဝှေ့ဆပ်ကော်မတီတို့မှ တာဝန်ရှိသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ဇွန် ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ (၃)ရက်ကြာ ဖွင့်လှစ်ခဲ့သည့် မြန်မာ့ရိုးရာလက်ဝှေ့ ဒိုင်သင်တန်းတက်ရောက်ခဲ့သည့် သင်တန်းသား (၂၀)ဦးတို့အား သင်တန်းဆင်းလက်မှတ်များကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။


ယင်းနောက် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲ နောက်ဆုံးတွဲဆိုင်းအဖြစ် ဗဏ္ခ(ကျားဖြူ)နှင့် သပြေညို (စက်ရုံ)တို့ ယှဉ်ပြိုင်ထိုးသတ်မှုကို အားပေးကြည့်ရှုခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ကစားသမား များအား လက်ဆွဲဆုတံဆိပ်များနှင့် ပထမ၊ ဒုတိယဆုငွေများကို ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)