လွိုင်ကော်မြို့၌ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း၏ အပတ်စဉ်(၂၈) သူနာပြု-သားဖွားဒီပလိုမာ (၃)နှစ် သင်တန်း၊ သင်တန်းသား/သူများ၏ ဂျူတီကုတ်၊ ဦးဆောင်းအပ်နှင်းပွဲ အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လွိုင်ကော်မြို့၌ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း၏ အပတ်စဉ်(၂၈) သူနာပြု-သားဖွားဒီပလိုမာ (၃)နှစ် သင်တန်း၊ သင်တန်းသား/သူများ၏ ဂျူတီကုတ်၊ ဦးဆောင်းအပ်နှင်းပွဲ အခမ်းအနား ကျင်းပ

 


MNP - ဇွန်  ၂၃


ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း၌ အပတ်စဉ်(၂၈) သူနာပြု- သားဖွားဒီပလိုမာ (၃)နှစ် သင်တန်း၊ သင်တန်းသား၊ သင်တန်းသူများ၏ ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ရာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးများ၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လွိုင်ကော်)၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး၊ သင်တန်းနည်းပြ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။


ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် က ပြည်သူတို့၏ ကျန်းမာရေးဆိုင်ရာ ကဏ္ဍတိုးတက်မြင့်မားလာစေရန်အတွက် သူနာပြုနှင့် သားဖွားကဏ္ဍတိုးတက်ရေး၏ အရေးပါမှုအခြေအနေများ၊ နိုင်ငံတော်မှ တစ်မျိုးသားလုံး၏ ကျန်းမာရေးအဆင့်အတန်း မြင့်မားလာစေရေးအတွက်  ကျန်းမာရေးမူဝါဒများကို ချမှတ်ပြီး အကောင်းဆုံး ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ နိုင်ငံတကာအဆင့်မှီ ကျန်းမာရေး ဝန်ဆောင်မှုများပေးနိုင်စေရန် အရည်အချင်းပြည့်ဝသော သူနာပြုကောင်းများ လေ့ကျင့်မွေးထုတ် ပေးနိုင်ရေးနှင့် သူနာပြုများအနေဖြင့်လည်း လိုက်နာရမည့် ကျင့်ဝတ်များနှင့်အညီ လူနာများကို ပြုစုစောင့်ရှောက်ရမည့် ကိစ္စရပ်များနှင့် ပတ်သက်၍ အဖွင့်အမှာစကားပြောကြားခဲ့သည်။


ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ဒုတိယနှစ်သင်တန်းမှ ပထမဆု၊ ဒုတိယဆု၊ တတိယဆု ရရှိသော သင်တန်းသူများကိုလည်းကောင်း၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း၊ ကျောင်းအုပ်ကြီးက ပထမနှစ် သင်တန်းမှ ပထမဆု၊ ဒုတိယဆု၊ တတိယဆုရရှိသော သင်တန်းသူများကိုလည်းကောင်း ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ပြီး ကျောင်းအုပ်ကြီး ဒေါ်မာမာဆွေ က  သူနာပြုများလိုက်နာရမည့် ကျင့်ဝတ်များ၊ ဆက်လက်လေ့လာဆည်းပူးရမည့် ပညာရေးဆိုင်ရာ အခွင့်အလမ်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။


ဆက်လက်ပြီး သူနာပြုနှင့် သားဖွားသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများအား ဂျူတီကုတ်နှင့်ဦးဆောင်း အပ်နှင်းပေးခဲ့သည်။


ထို့နောက် သင်တန်းသား၊ သင်တန်းသူများက သူနာပြုသစ္စာအဓိဌာန် ရွတ်ဆိုပြီး ဂရုဏာအလင်း သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။


ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သူနာပြုနှင့် သားဖွားသင်တန်းကျောင်းရှိ သင်တန်းသား၊ သင်တန်းသူများအား ဆန်၊ဆီနှင့် ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်ခဲ့ကြပြီး သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)