မိုးကောင်းမြို့နယ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် လက်ထောက်မူလတန်းပြ မြို့နယ်အဆင့် ဆင့်ပွား သင်တန်း ဖွင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးကောင်းမြို့နယ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် လက်ထောက်မူလတန်းပြ မြို့နယ်အဆင့် ဆင့်ပွား သင်တန်း ဖွင့်ပွဲကျင်းပ

 


MNP - ဇွန်   ၄


ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်တွင် ဘွဲ့ရ (ပြင်ပ) ပုဂ္ဂိုလ်၊ လက်ထောက်မူလတန်းပြ လျှောက်ထားအောင်မြင်သူများ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် လက်ထောက်မူလတန်းပြ ဆင့်ပွားသင်တန်းဖွင့်ပွဲကို ဇွန် (၄) ရက် နံနက် (၉) နာရီခွဲတွင် အထက(၁) ကျောင်း မဉ္ဇူသကခန်းမ၌ ကျင်းပခဲ့သည်။


ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်က ၂၀၁၆-၂၀၁၇ ပညာသင်နှစ်မှစတင်၍ KG+12 သင်ရိုးသစ် (K+5+4+3) စနစ်သစ် ပြောင်းလဲဆောင်ရွက်နေကြောင်း၊ ၂၀၂၀-၂၀၂၁ ပညာသင်နှစ်သည် ကိုဗစ်-၁၉ရောဂါကြောင့် ကျောင်းများပိတ် ခဲ့ရသဖြင့် ကျောင်းသား/ သူများအတွက် ပညာသင်နှစ်တစ်နှစ်ဆုံးရှုံးခဲ့ပြီဖြစ်ကြောင်း၊ ၂၁ ရာစုသည် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာများ တိုးတက်လာသဖြင့် ဆရာ၊ ဆရာမများအားလုံးသည် ပညာခေတ်နှင့်အညီ သင်ထောက်ကူ၊ သင်ပြနည်းမျး အသုံးပြု၍ မိမိတို့၏ ကျောင်းသား/သူများအား သားသမီးများပမာ ကြိုးကြိုးစားစားသင်ကြားစေလိုကြောင်းနှင့် နိုင်ငံ့ဝန်ထမ်းဖြစ်လျှင် ဝန်ထမ်းကျင့်ဝတ်၊ စည်းကမ်းချက်များကို သိရှိပြီးလိုက်နာကြိုးစားစေလိုကြောင်း အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်နွယ်နွယ်က သင်တန်းနှင့် ပတ်သက်သည်များကို ရှင်းလင်းပြောကြားသည်။


သင်တန်းကို သင်တန်းသား(၁၆၆)ဦးကို နည်းပြ(၄)ဦးဖြင့် ဇွန်(၄)ရက်မှ(၁၀)ရက်ထိ နံနက် (၉)နာရီမှညနေ(၄)နာရီထိ စနစ်သစ်သင်ရိုးညွှန်း အတိုင်း ပို့ချသင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - သန်းလွင်ဦး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)