ထန်းတပင်မြို့နယ်၌ အခြေခံပညာလက်ထောက်မူလတန်းပြ ဆရာဆရာမများ၏ လုပ်ငန်းခွင်အကြိုရက်တို သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထန်းတပင်မြို့နယ်၌ အခြေခံပညာလက်ထောက်မူလတန်းပြ ဆရာဆရာမများ၏ လုပ်ငန်းခွင်အကြိုရက်တို သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ


MNP - ဇွန်   ၄


ပဲခူးတိုင်းဒေသကြီး၊  တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်အခြေခံပညာအထက်တန်းကျောင်း ပင်လုံခန်းမ၌ ယနေ့နံနက်၈နာရီခွဲ အချိန်က လက်ထောက်မူလတန်းပြဆရာ ဆရာမများ၏ လုပ်ငန်းခွင်အကြိုရက်တိုသင်တန်းကို ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာသင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ အခမ်းအနားတွင် ဒုတိယမြို့နယ် ပညာရေးမှူး ဦးဇာဏီမောင်က  သင်တန်းကျင်းပရခြင်းနှင့် ပတ်သက်၍ သင်ကြားမည့်ဆရာ၊ ဆရာမများ စနစ်တကျ ကျွမ်းကျင်ပိုင်နိုင်စွာ သင်ကြားပို့ချနိုင်စေရန်၊ သင်ကြားသင်ယူမှု၏ ထိရောက်မှုကို နားလည်ရန်၊ ကျောင်းသား၊ ကျောင်းသူများကောင်းစွာ သင်ယူနိုင်စေရန် ရည်ရွယ်ကြောင်း ပြောကြားခဲ့သည်။


အဆိုပါသင်တန်းသို့ မြို့နယ်အတွင်းရှိ လက်ထောက်မူလတန်းပြ ဆရာ၊ ဆရာမ စုစုပေါင်း (၄၇)ဦး တက်ရောက်ကြပြီး၊ သင်တန်း (နည်းပြ) ဆရာ ဆရာမ(၄)ဦး ဦးဆောင်သင်ကြား ပို့ချပေးမှာဖြစ်ပြီး၊ သင်တန်းကာလမှာ ဇွန်လ(၄)ရက်နေ့မှ ဇွန်လ(၁၀)ရက် နေ့အထိ (၇) ရက် ကြာမြင့်မည်ဖြစ်ပြီး အဆိုပါသင်တန်းပြီးဆုံးပါက ခန့်အပ်တာဝန်ပေးသွားမည် ဖြစ်ကြောင်း မြို့နယ်ပညာ‌ရေးမှူးရုံးမှ သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)