ဝမ်းတွင်းမြို့နယ်တွင် လက်ထောက်မူလတန်းပြ ဆရာ/ဆရာမများ၏ လုပ်ငန်းခွင်အကြို ရက်တိုသင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဝမ်းတွင်းမြို့နယ်တွင် လက်ထောက်မူလတန်းပြ ဆရာ/ဆရာမများ၏ လုပ်ငန်းခွင်အကြို ရက်တိုသင်တန်းဖွင့်လှစ်

 


MNP - ဇွန်    ၄


မန္တလေးတိုင်းဒေသသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ် အခြေခံပညာဦးစီးဌာန လက်ထောက်မူလတန်းပြ ဆရာ/ဆရာမများအား လုပ်ငန်းခွင့်အကြို ရက်တိုသင်တန်း ဖွင့်လှစ်ခြင်းကို ယနေ့နံနက်ပိုင်းမှ စတင်ကာအခြေခံပညာအထက်တန်းကျောင်း(ဝမ်းတွင်း) ပတ္တမြားခန်းမဆောင်တွင် သင်ကြားပို့ချလျက်ရှိကြောင်းသိရသည်။


ဝမ်းတွင်းမြို့နယ်အတွင်း ဖွင့်လှစ်လျက်ရှိသော လက်ထောက်မူလတန်းပြ ဆရာ/ဆရာမများ လုပ်ငန်းခွင်အကြို ရက်တိုသင်တန်းတွင် ဝန်ထမ်းကျင့်ဝတ်နှင့် ဝန်ထမ်းစည်းကမ်းများ၊ နိုင်ငံ့ဝန်ထမ်း ဥပဒေနှင့် နည်းဥပဒေများ၊ ဆရာကျင့်ဝတ်နှင့် ကိုယ်ကျင့်သိက္ခာ၊  ခွင့်အမျိုးမျိုး၊ ပင်စင်၊ ပညာရေးမူဝါဒများ၊ သင်ရိုးသစ်အကောင်ထည်ဖော်ဆောင်ရွက်ခြင်း၊ ၂၁-ရာစု ကျွမ်းကျင်မှုနှင့် သင်ကြားသင်ယူမှုဆိုင်ရာလုပ်ငန်းများ၊ မူလတန်းသင်ရိုးသစ်မိတ်ဆက် သင်ကြားခြင်း၊ သင်ကြားရေး ဆိုင်ရာမှတ်တမ်းများ စနစ်တကျထားရှိခြင်း၊ သင်ယူမှု ပတ်ဝန်းကျင် ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ပညာရေးပြက္ခဒိန်ပါ လုပ်ငန်းများဆောင်ရွက်ခြင်း၊ ပညာရည်စစ်ဆေးတိုင်းတာခြင်း၊ တက်မြောက်မှု စစ်ဆေးအကဲဖြတ်ခြင်း၊ ပညာရေး အညွှန်းကိန်းများ၊ သင်ယူမှုရလဒ်ကောင်းများ ရရှိအောင် ဆောင်ရွက်ခြင်း၊ စဉ်ဆက်မပြတ် ဆရာအတက်ပညာ ဖွံ့ဖြိုးတိုးတက်ရေး၊  သဘာဝဘေးကြိုတင်ကာကွယ် ရေးနှင့် တုံ့ပြန်ခြင်း၊ အသင်းအဖွဲ့များ မိဘဆရာများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း စသည့် ဘာသာရပ်များကို ဒုတိယမြို့နယ်ပညာရေးမှူး၊ အထက်တန်း/အလယ်တန်းကျောင်းအုပ်ကြီးများနှင့် ဝါရင့်ဆရာ ဆရာမကြီးများက သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။


အဆိုပါ လက်ထောက်မူလတန်းပြ ဆရာ/ဆရာမများ၏ လုပ်ငန်းခွင်အကြို ရက်တိုသင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ(၃၃)ဦးက တက်ရောက်လျက်ရှိပြီး သင်တန်းကာလမှာ (၄.၆.၂၀၂၂)မှ (၁၀.၆.၂၀၂၂)ရက်နေ့ထိ(၇)ရက်တာ ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။


သတင်း - ရဲမျိုးသက်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)