ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ရွှေတောင်မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ရွှေတောင်မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး


MNP ၊ ဇွန် ၂၀

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ရွှေတောင်မြို့နယ် နွားမယံကျေးရွာ အုပ်စုကွင်းအမှတ် (၄၀၈) တောင်သူ ဦးဌေးဝင်း၏ပဲတီစိမ်း (၁၆)ဧက စိုက်ပျိုး ထားရှိရမှုအပေါ်တွင် နေကြာသီးညှပ် (၅)ဧက စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုများအား ကြည့်ရှု စစ်ဆေးပြီး ဒေသတွင်း ဆီဖူလုံမှု ရရှိစေရေးအတွက် ပဲမျိုးစုံနှင့်နေကြာသီးနှံများ တိုးချဲ့စိုက်ပျိုး သွားရန်နှင့် ဒေသခံတောင်သူများအား အလားတူ စည်းရုံးဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။


ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ယွန်းတန်းရပ်ကွက် ဧရာဝတီမြစ်ကမ်း ပြိုကာကွယ်ရေး လုပ်ငန်း အကောင်အထည်ဆောင်နေသည့်နေရာသို့ သွားရောက်ခဲ့ရာ ရေအရင်းအမြစ်နှင့် မြစ်ချောင်း များ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တာဝန်ရှိသူမှ လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြရာ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။


ထို့နောက် ကြာနီကန်ရပ်ကွက်က သဲတန်းလမ်းရှိ နို့စားနွားမွေးမြူရေး လုပ်ငန်းလုပ်ကိုင်သူ ဦးဘာဘူနှင့် ဦးတူးတို့၏နို့စားနွားမွေးမြူထားရှိမှု အခြေအနေများကို ကြည့်ရှုပြီး မြို့နှင့်လွတ်ကင်း သည့်နေရာတွင် သီးခြားနေရာ ရှာဖွေ၍မွေးမြူးရေး ဇုံသတ်မှတ်ကာ ကျယ်ကျယ်ပြန့်ပြန့်စနစ်တကျ မွေးမြူနိုင်ရေးတို့ကို လမ်းညွှန် မှာကြားခဲ့ကြောင်း သိရသည်။


သတင်း - ကိုကိုမင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)