ကန့်ဘလူမြို့၌ ခရိုင်နှင့် မြို့နယ်တရားရုံး အဆောက်အအုံနှင့် ဆက်စပ်လုပ်ငန်းများ ယခုဘဏ္ဍာနှစ်တွင် အပြီးတည်ဆောက်မည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကန့်ဘလူမြို့၌ ခရိုင်နှင့် မြို့နယ်တရားရုံး အဆောက်အအုံနှင့် ဆက်စပ်လုပ်ငန်းများ ယခုဘဏ္ဍာနှစ်တွင် အပြီးတည်ဆောက်မည်

 


MNP - ဇွန်   ၂၄


စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် အကောင်အထည်ဖော် တည်ဆောက်နေသော ခရိုင်နှင့် မြို့နယ်တရားရုံး အဆောက်အအုံနှင့် ဆက်စပ်လုပ်ငန်းများအား ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၌ အပြီးတည် ဆောက်သွားမည်ဖြစ်ကြောင်း ခရိုင်တရားရုံးမှ သိရသည်။


အဆိုပါ အဆောက်အအုံနှင့် ဆက်စက်လုပ်ငန်းများအား ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်က စတင်၍ ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ဘဏ္ဍာနှစ် သုံးနှစ်(၂၀၂၀-၂၀၂၁၊ ၂၀၂၁-၂၀၂၂၊ ၂၀၂၂-၂၀၂၃) ပြည်ထောင်စုအစိုးရ၏ ခွင့်ပြုရန်ပုံ ငွေကျပ် ၁၇၄၅ ဒသမ ၈ သန်းဖြင့် တင်ဒါအောင်မြင်သော မန္တလေးမြို့ ရွှေပင်အောင်ဆောက်လုပ်ရေးကုမ္ပဏီက တာဝန်ယူ တည်ဆောက်နေခြင်းဖြစ်ကြောင်း သိရသည်။


ခရိုင်နှင့်မြို့နယ်တရားရုံး အဆောက်အအုံမှာ အလျား ၁၉၄ ပေ၊ အနံ ၇၄ ပေ RC နှစ်ထပ် သံကူကွန်ကရစ်အမျိုးအစားဖြစ်ပြီး ဆက်စပ်လုပ်ငန်းများဖြစ်သည့် ယာယီအချုပ်ခန်း၊ သက်သေများနားနေဆောင်၊ လုံခြုံရေးဂိတ် အဆောက်အအုံ၊ သက်သေခံပစ္စည်းများ သိမ်းဆည်းသည့် စတိုခန်း၊ အမှုတွဲထိန်းခန်း၊ ယာဉ်ရပ်နားရုံ နှစ်ရုံ၊ အများသုံး သန့်စင်ခန်း လေးခန်းတွဲနှင့် ခြံစည်းရိုးအုတ်တံတိုင်း ကာရံခြင်းလုပ်ငန်းများကို တည်ဆောက်လျက်ရှိပြီး လုပ်ငန်းတစ်ခုလုံးအနေဖြင့် ယနေ့အထိ ၆၂ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း တာဝန်ခံအင် ဂျင်နီယာ ဦးဝင်းကိုထံမှ သိရသည်။


ယင်းသို့ အကောင်အထည်ဖော် တည်ဆောက်နေသည့် ခရိုင်နှင့်မြို့နယ် တရားရုံးအဆောက်အအုံသည် ကန့်ဘလူမြို့၏ မြို့ရှောင်လမ်း(တက္ကသိုလ်လမ်းမကြီး) အနောက်ဘက် ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၏ မြောက်ဘက်တွင် တည်ဆောက်နေခြင်းဖြစ်ကြောင်း သိရသည်။


သတင်း - အောင်ဝင်းငြိမ်း 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)