၂၀၂၂-ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် (၂၅)နှစ်အောက် အမျိုးသား/သမီး ပိုက်ကျော်ခြင်းပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၂-ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် (၂၅)နှစ်အောက် အမျိုးသား/သမီး ပိုက်ကျော်ခြင်းပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ




MNP - ဇွန်   ၉


၂၀၂၂-ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဝန်ထမ်းများ၊ ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြသည်။


ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက ဗိုလ်လုပွဲစဉ်အဖြစ် ကလေးမြို့နယ် အမျိုးသားပိုက်ကျော်ခြင်းအသင်းနှင့် ကလေးဝမြို့နယ် အမျိုးသားပိုက်ကျော်ခြင်းအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးကာ ကလေးဝမြို့နယ် အသင်းမှ ကလေးမြို့နယ်အသင်းအား ၂ ပွဲပြတ်ဖြင့် အနိုင်ရရှိသွားသည်။


ထို့နောက် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပရာ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းနှင့် တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းတို့က အမျိုးသား/အမျိုးသမီး ပွဲစဉ်တစ်လျှောက်နေရာအလိုက် အကောင်းဆုံးရရှိကြသူများအား ဆုတံဆိပ်နှင့် ငွေသားဆုငွေကျပ် - ၅သောင်းတို့အားလည်းကောင်း၊ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်နှင့် တိုင်းဒေသကြီး လမ်းပန်းဆက်သွယ် ရေးဝန်ကြီး ရဲမှူးကြီး ဉာဏ်မြင့်ကျော်တို့က အမျိုးသား၊ အမျိုးသမီးတတိယဆုရရှိကြသော ယင်းမာပင်မြို့နယ်နှင့် စစ်ကိုင်းမြို့နယ် ပိုက်ကျော်ခြင်းအသင်းတို့အား တစ်ဦးချင်းဆုတံဆိပ်၊ ဒိုင်းဆုနှင့် ငွေသားဆုငွေကျပ် - ၅ သိန်းတို့အား အသီးသီးပေးအပ် ချီးမြှင့်ကြသည်။


ဆက်လက်၍ တိုင်းဒေသကြီး လူမူရေးရာဝန်ကြီး ဦးအေးလိူင်နှင့် တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးတို့က အမျိုးသား၊ အမျိုးသမီး ဒုတိယဆုရရှိကြသော ဝက်လက်မြို့နယ်နှင့် ကလေးမြို့နယ် ပိုက်ကျော်ခြင်းအသင်းတို့အား -၂-တစ်ဦးချင်းဆုတံဆိပ်၊ ဒိုင်းဆုနှင့်ငွေသားဆုငွေကျပ် - ၇ သိန်းတို့အား အသီးသီးပေးအပ် ချီးမြှင့် ကြသည်။


ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ပထမဆုရရှိကြသော မြောင်မြို့နယ် အမျိုးသမီးပိုက်ကျော်ခြင်းအသင်းနှင့် ကလေးဝမြို့နယ် အမျိုးသားပိုက်ကျော်ခြင်း အသင်းတို့အား တစ်ဦးချင်းဆုတံဆိပ်၊ တံခွန်စိုက်ဆုဖလားနှင့် ငွေသားဆုငွေကျပ် - ၁၀ သိန်း တို့အား ပေးအပ်ချီးမြှင့်ပြီး တာဝန်ရှိသူများ၊ အားကစားသမားများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ ဆုချီးမြှင့်ပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။


၂၀၂၂-ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၃၀ မြို့နယ်မှ ပြိုင်ပွဲဝင်အားကစားသမား - ၁၅၂ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး အကောင်းဆုံး အားကစားသမားများအား ရွေးချယ်၍ ၂၀၂၂-ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီးပိုက်ကျော်ခြင်းပြိုင်ပွဲသို့ ဝင် ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်းသိရသည်။ 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)