တံတားဦးမြို့နယ်တွင် တိရစ္ဆာန်အစာပင် နေဗီယာမြက်သရုပ်ပြစိုက်ပျိုးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တံတားဦးမြို့နယ်တွင် တိရစ္ဆာန်အစာပင် နေဗီယာမြက်သရုပ်ပြစိုက်ပျိုးပွဲကျင်းပ




MNP - ဇွန်   ၂၄


၂၀၂၂-ခုနှစ် မိုးရာသီ တိရစ္ဆာန်အစာပင် နေဗီယာမြက် သရုပ်ပြစိုက်ပျိုးခြင်းကို ယနေ့နံနက် (၁၀) နာရီက ကျောက်ဆည်ခရိုင် တံတားဦးမြို့အမှတ် (၃) ရပ်ကွက် ကွင်းအမှတ် (၁၃၁၅) ကွင်း မွေးမြူရေး လုပ်ငန်းကိုင်သည့် တောင်သူဦးဆန်းထူးအောင်၏ (၁.၁) ဧကကွက်၌ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာဇော်မင်းဦးနှင့်ဝန်ထမ်းများ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူးဦးဇော်မျိုးထက်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်တာဝန်ရှိသူများက ကွင်းဆင်း စိုက်ပျိုးကြကြောင်း သိရသည်။


နေဗီယာမြက်စိုက်ပျိုးပွဲတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာဇော်မင်းဦးက တိရစ္ဆာန်အစာပင်စိုက်ပျိုးခြင်းဖြင့် လွှတ်ကျောင်းစနစ်မှ ခြံလှောင်မွေးမြူသည့်စနစ်သို့ကူးပြောင်းပြီး တိရစ္ဆာန်မှထွက်ရှိသော စွန့်ပစ်ပစ္စည်းများကို သဘာဝမြေဩဇာအဖြစ် ပြန်လည်အသုံးပြုနိုင်ပါကြောင်း၊ အစာရေစာရှားပါးသော ဒေသများနှင့် အစာဖိုးကုန်ကျစရိတ် မြင့်တက်နေချိန်တွင် ဖြည့်စွက်အစာစိမ်းအနေဖြင့်(ဖွဲနု ၊ ပဲဖတ် ၊ နှမ်းဖတ်) အစရှိသည့်ဒေသထွက် အစာနုနှင့် ရောစပ်ကျွေးခြင်းဖြင့် တိရစ္ဆာန်များအတွက် အာဟာရပြည့်ဝစွာရရှိခြင်း၊ ထုတ်လုပ်မှုကောင်းစွာ ရရှိခြင်းနှင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ စိုက်ပျိုးခြင်းဖြစ်ကြောင်း ပြောကြားသည်။


နေဗီယာမြက်ကို စိုက်ပျိုးသည့်ရက်မှ တစ်လပြည့်လျှင်ရိတ်ကျွေးနိုင်ပြီး (၂၁) ရက်ကြာလျှင် ပြန်လည်ရိတ်ကျွေးနိုင်ကြောင်း၊ နေဗီယာမြက်သည် မြေစိုစွတ်သည့်ဒဏ်ကို ခံနိုင်ရည်ရှိပါကြောင်း၊ တစ်ခါစိုက်ပျိုးပြီးလျှင် အနည်းဆုံး (၈) နှစ်အထိ ရိတ်ကျွေးနိုင်ကြောင်း၊ နေဗီယာမြက် တစ်ဧကလျှင် အပင်ရေ (၁၀၀၀၀) မှ (၁၂၀၀၀) ထိ စိုက်ပျိုးနိုင်ကြောင်း၊ ယခုစိုက်ပျိုးသော နေဗီယာမြက်ကို မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနှမှ ကူညီထောက်ပံ့ပေးခြင်းဖြစ်ကြောင်း၊ မြို့နယ်တံတားဦးမြို့နယ်တွင် နေဗီယာမြက်စိုက်ပျိုးသည့် ဧက(၂၀)ကျော်ရှိကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနှမှ သိရသည်။


သတင်း - ရဲတင့်


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)