မုံရွာခရိုင် အမျိုးသမီးများ အခွင့်အ‌ရေးဆုံးရှုံးမှုမရှိ‌စေရန် အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မုံရွာခရိုင် အမျိုးသမီးများ အခွင့်အ‌ရေးဆုံးရှုံးမှုမရှိ‌စေရန် အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ



NP - ဇွန်   ၂၄


ဒေသတွင်းအမျိုးသမီးများ၏ အခွင့်အရေးများ ဆုံးရှုံးမှုမရှိစေရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးနှင့် လူမှုစီးပွားဘဝများ တိုးတက်မြင့်မားရေးတို့အတွက် အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေး  မုံရွာခရိုင် အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် ( ၁/၂၀၂၂ )ကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မုံရွာခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ခရိုင်အမျိုးသမီးကော်မတီဥက္ကဋ္ဌ ဦးဇော်တင်မိုးနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။


ရှေးဦးစွာ မုံရွာခရိုင်အမျိုးသမီးကော်မတီဥက္ကဋ္ဌ ဦးဇော်တင်မိုးက ခရိုင်အတွင်း အမျိုးသမီးရေးရာကိစ္စရပ်များနှင့် ပတ်သက်၍ အခွင့်အရေးများ ဆုံးရှုံးမှုမရှိစေရေး၊ အကြမ်းဖက်ခံရတဲ့ဖြစ်စဉ်များ၊ အခွင့်အရေးဆုံးရှုံးမှုများ ကြုံတွေ့လာရပါက ကော်မတီဝင်များ အချိန်နဲ့တပြေးညီ ချိတ်ဆက်ဆောင်ရွက်ပေးနိုင်ရေး၊ အမျိုးသမီးများ၏ လူမှုစီးပွားဘဝများ တိုးတက်မြင့်မားရေးတို့အတွက် အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေး တို့နှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက်ကြရန် အဖွင့်အမှာစကားပြောကြားသည်။


 ထို့နောက် မုံရွာခရိုင်အမျိုးသမီးကော်မတီ အတွင်းရေးမှူး ဒေါ်အေးမြင့်ရီက မုံရွာခရိုင်အမျိုးသမီးကော်မတီ၏ ၂၀၂၂ -၂၀၂၃ ဘဏ္ဏာနှစ် ပထမ ( ၃ ) လပတ် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကိုလည်းကောင်း၊ ကော်မတီအဖွဲ့ဝင်များက အမျိုးသမီးများ အခွင့်အရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ ဌာနအလိုက်သော်လည်းကောင်း၊ ကော်မတီအနေဖြင့်သော်လည်းကောင်း ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် 


လုပ်ငန်းဆောင်ရွက်မှုများအပေါ် တွေ့ရှိရသည့်  အားသာချက်၊ အားနည်းချက်များကိုလည်းကောင်း ရှင်းလင်းဆွေးနွေးတင်ပြခဲ့ကြရာ ကော်မတီဥက္ကဋ္ဌက လုပ်ငန်းတစ်ခုချင်းစီအလိုက် ဆောင်ရွက်ရမည့်နည်းလမ်းများနှင့်အညီ ညှိနှိုင်းပေါင်းစပ် ပေးခဲ့သည်။


ထို့နောက် ခရိုင်အမျိုးသမီးကော်မတီဥက္ကဋ္ဌ ဦးဇော်တင်မိုးက အမျိုးသမီးများ၏ ဖွံ့ဖြိုးတိုးတက်မှုကို တိုးမြှင့်ဆောင်ရွက်ပေးခြင်းဖြင့် နိုင်ငံပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးတို့အတွက် အမျိုးသမီးအရေးကိစ္စများကို အလေးအနက်ထားဆောင်ရွက်ကြစေရေး တိုက်တွန်းစကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းသိရှိရပါသည်။


 သတင်း - မြင့်နိုင်စိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)