သရက်ချောင်းမြို့နယ်တွင် ကိုဗစ်–၁၉ရောဂါ ကာကွယ်ဆေးရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် ခရီးသွားပြည်သူများအား စတင်ထိုးနှံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သရက်ချောင်းမြို့နယ်တွင် ကိုဗစ်–၁၉ရောဂါ ကာကွယ်ဆေးရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် ခရီးသွားပြည်သူများအား စတင်ထိုးနှံ

 

MNP - ဇွန်   ၂၄


တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ကိုဗစ်–၁၉ရောဂါ ကာကွယ်ဆေးရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် ခရီးသွားပြည်သူများအား ယနေ့နံနက် ၉နာရီ အချိန်မှစ၍ သရက်ချောင်းမြို့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။


အဆိုပါ ကိုဗစ်–၁၉ရောဂါ ကာကွယ်ဆေးရာနှုန်းပြည့်ထိုးနှံအစီအစဉ်တွင် သရက်ချောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦး ကြီးကြပ်မှုဖြင့် သရက်ချောင်းမြို့နယ်၊ မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးနေမင်းစိုးနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်းများနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများပူးပေါင်းကာ ခရီးသွားပြည်သူများ၏ မော်တော်ယာဉ်များကိုစစ်ဆေး၍ ကိုဗစ်–၁၉ရောဂါ ကာကွယ်ဆေးလုံးဝမထိုးနှံရသေးသော ခရီးသွားပြည်သူများအား(ပထမအကြိမ်) ကိုဗစ်–၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်း၊ ကိုဗစ်–၁၉ရောဂါကာကွယ်ဆေး (ပထမအကြိမ်)ထိုးနှံ၍ (၆) လပြည့်သူများအား (ဒုတိယအကြိမ်)ထိုးနှံပေးခြင်း၊ ကိုဗစ်–၁၉ရောဂါ ကာကွယ်ဆေး(ဒုတိယအကြိမ်) ထိုးနှံပြီးသူများအား Booster Dose ကို ဆက်လက်ထိုးပေးခဲ့ကြောင်း သိရသည်။


ထိုသို့ဆောင်ရွက်ရာတွင် ခရီးသွားပြည်သူများအား ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်းနှင့် ကာကွယ်ဆေးထိုးနှံမှတ်တမ်းရေးသွင်းခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး ကျန်းမာရေးကောင်းမွန်သူများအား ကိုဗစ်–၁၉ရောဂါကာကွယ်ဆေး စနစ်တကျ ထိုးနှံပေးခဲ့ကြောင်းနှင့် အဆိုပါကိုဗစ်–၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို ယနေ့နံနက် ၉နာရီမှစ၍ နေ့စဉ်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - သားကြီး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)