MNP - ဇွန် ၄
မကွေးတိုင်းဒေသကြီး သရက်မြို့၌ လုပ်ငန်းခွင်အကြို ဆရာ၊ ဆရာမများ ရက်တိုသင်တန်းဖွင့်လှစ်ခြင်း အခမ်းအနားကို ယနေ့နံနက် (၈)နာရီခွဲက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း စိန်ရတုခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ခရိုင်ပညာရေးမှူး ဦးကျော်ဦးက အဖွင့်အမှာစကား ပြောကြားရာမှာ သင်တန်းတွင် သင်ကြားပို့ချပေးသည့် ဘာသာရပ်များကို သိရှိမှတ်သားစေလိုကြောင်းနှင့် သင်တန်း ပြီးဆုံးသည့် နောက်ဆုံရက်တွင် စာမေးပွဲဖြေဆိုသည့်အခါ ကောင်း၊ သင့်၊ ညံ့ခွဲပေးပြီး တင်ပြပေးရမှာဖြစ်သည့်အတွက် သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ဂရုစိုက်မှတ်သားသင်စေလိုကြောင်း ပြောကြားပေးခဲ့ သည်။
ထို့နောက် မြို့နယ်ပညာရေးမှူး ဒေါ်နွဲ့နွဲ့ဆန်းက ဆရာမ၊ ဆရာကြီးများ၏ ဆရာအတက်ပညာ အရည်အသွေးပိုမိုတိုးတက်လာပြီး သင်ကြားသင်ယူမှု လုပ်ငန်းများ ပိုမိုထိရောက်လာစေရန်နှင့် သင်ရိုးသစ်ပါ သင်ခန်းစာများကို ကျောင်းသား/ကျောင်းသူများထံ အလွယ်တကူ နားထောင်တက်စေရန် သင်ကြားပေးနိုင်ရေး ရည်ရွယ်ချက်ဖြင့် သင်ကြားပို့ချပေးတာဖြစ်သည့်အတွက် သင်တန်းသား၊ သင်တန်းသူများ အနေဖြင့် သင်တန်းက ပို့ချပေးသည့်ဘာသာရပ်များကို ဂရုစိုက်၍ မှတ်သားသင်ယူစေလိုကြောင်း ပြောကြားပေးခဲ့သည်။
အဆိုပါသင်တန်းတွင် သင်တန်းသား/သင်တန်းသူ (၁၂၆) ဦး တက်ရောက်၍ သင်တန်းနည်းပြ ဆရာ (၄) ဦးက (၇) ရက်ကြာ သင်ကြားပေး သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း - ဇော်ထက်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment