ရခိုင်ပြည်နယ် မောင်တောမြို့၌ အသစ်ခန့်အပ်မည့် လက်ထောက်မူလတန်းပြ ဆရာ၊ ဆရာမများအား လုပ်ငန်းခွင်အကြိုရက်တို သင်တန်းဖွင့်ပွဲကျင်းပပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့၌ အသစ်ခန့်အပ်မည့် လက်ထောက်မူလတန်းပြ ဆရာ၊ ဆရာမများအား လုပ်ငန်းခွင်အကြိုရက်တို သင်တန်းဖွင့်ပွဲကျင်းပပြုလုပ်



MNP - ဇွန်    ၄


ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ လက်ထောက်မူလတန်းပြ အသစ်ခန့်အပ်မည့် ပြင်ပပုဂ္ဂိုလ်များ၏ လုပ်ငန်းခွင်အကြိုရက်တို သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီအချိန် အ.ထ.က(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ဖွင့်လှစ်ကာ သင်တန်းပို့ချပေးလျက်ရှိကြောင်း သိရသည်။


ရှေးဦးစွာ ခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွန်ကြားရေးမှူး ဦးစိုးတင့်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး  ဦးအောင်စံကျော်မှ သင်တန်းဖွင့်လှစ်ပို့ချပေးရခြင်းနှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားရာတွင်   သင်တန်းမှပို့ချမည့် ဘာသာရပ်များ၊ သိသင့်သိထိုက်သင့် အကြောင်းအရာများ ၊ နည်းပြများက သင်တန်းပို့ချပေးရာတွင် စနစ်တကျ လေ့လာမှတ်သားပြီး ပို့ချပေးလိုက်သည့် ဘာသာ ရပ်များကို မိမိတို့တာဝန်ကျသည့်ကျောင်းများသို့ ရောက်ရှိသောအခါ မိမိတို့မြို့နယ်နှင့်ကျောင်းအား ပညာရေးမြှင့်မားတိုးတက်အောင်  တစ်ဖက်တစ်လမ်းမှ ဝိုင်းဝန်းဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း မှာကြားခဲ့သည်။


 ထို့နောက် နည်းပြဆရာ/ဆရာမများက တစ်ဦးချင်း မိတ်ဆက်ပြီး သင်ကြားပို့ချမည့် ဘာသာရပ် များအား ပြောကြားပြီး  သင်တန်းကို နည်းပြ ၁၀ ဦး တို့က မြို့နယ်အတွင်း အခြေခံပညာ လက်ထောက်မူလတန်းပြ အသစ်ခန့်အပ်မည့်  ဆရာ၊ ဆရာမ ၄၅ ဦးအား ပညာရေးမူဝါဒများ၊ စဉ်ဆက်မပြတ်  ဆရာအတတ်ပညာဖွံ့ဖြိုးတိုးတက်ရေး၊  သင်ကြားရေးဆိုင်ရာ မှတ်တမ်းများ စနစ်တကျထားရှိခြင်း၊  ဆရာကျင့်ဝတ်နှင့် ကိုယ်ကျင့်သိက္ခာများ၊ သင်ရိုးသစ် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းများ၊  အသင်းအဖွဲ့များ ကျောင်းသားမိဘရပ်ရွာများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ မူလတန်းသင်ရိုးသစ် မိတ်ဆက်ခြင်း၊ ဝန်ထမ်းကျင့်ဝတ်နှင့် ဝန်ထမ်းစည်းကမ်းစသည့် ဘာသာရပ်၊ အသိပညာဗဟုသုတများအား ဇွန်  ၄ ရက်နေ့မှ ၁၀ ရက်နေ့အထိ နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


သတင်း - သက်လွင်စိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)