ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ၆ ခရိုင် အသက် ၁၉ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲအား ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ၆ ခရိုင် အသက် ၁၉ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲအား ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ



MNP - ဇွန်  ၄


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ၆ ခရိုင် အသက် ၁၉ ‌နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက ကိုးသိန်းအားကစားကွင်း၌ ပြုလုပ်ရာ  တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်ကြည့်ရှုအားပေးပြီး ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။


ရှေးဦးစွာ ဗိုလ်လုပွဲအား မြောင်းမြခရိုင် ဘောလုံးအသင်းနှင့် မအူပင်ခရိုင်‌ ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ  မြောင်းမြခရိုင် ဘောလုံးအသင်းက မအူပင်ခရိုင်‌ ဘောလုံးအသင်းအား နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။


ဆက်လက်၍ဆုချီးမြှင့်ပွဲ အခမ်းအနားကို ပြုလုပ်ရာ ဆုရရှိသည့် ခရိုင်အသင်းများမှ အားကစားသမားက နေရာယူကြပြီး ဒုတိယဆုရရှိသည့် မအူပင်ခရိုင်မှ အားကစားသမားများအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆု ၅ သိန်းအား စီးပွားရေးရာ ဝန်ကြီးကလည်းကောင်း၊ ပထမဆုရရှိသည့်‌ မြောင်းမြခရိုင်မှ အားကစားသမားများအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆု ၇ သိန်းအား လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက လည်းကောင်း၊ နေရာအလိုက်အကောင်းဆုံး ကစားသမားဆုရရှိသူများအား အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးက တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများအားလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပထမဆုရရှိသည့် မြောင်းမြခရိုင်အသင်းအား တံခွန်စိုက်ဆုဖလားကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ပေးအပ်ချီးမြှင့်ခဲ့ပြီး ပထမဆုရရှိသည့် မြောင်းမြခရိုင်အသင်းနှင့်အတူ စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြောင်းသိရသည်။


သတင်း - လှမင်းထွဋ်


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)