ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၂ -ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများထုတ်ပြန် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၂ -ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများထုတ်ပြန်




MNP - ဇွန်  ၁၇


မန္တလေးတိုင်းဒေသကြီ၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၂-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ယနေ့နံနက်(၆)နာရီမှစတင်၍ မြို့နယ်ပညာရေးမှူးရုံးတည်ရှိရာ၊ အမှတ် (၂)အခြေခံပညာအထက်တန်းကျောင်းနှင့် သက်ဆိုင်ရာ စာစစ်ဌာနအသီးသီးတွင် ထုတ်ပြန်လျက်ရှိ ကြောင်းသိရသည်။


ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၂-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အမှတ်(၁)အ.ထ.က၊ ပုပ္ပား အ.ထ.က၊ လက်ပန်ပျား အ.ထ.ကနှင့် တောင်ဦး အ.ထ.က ၊ အစရှိသည့် စာစစ်ဌာန(၄)ခုဖွင့်လှစ် ဆောင်ရွက်ပေးခဲ့ရာ၊ ကျောင်းဖြေအနေဖြင့် စာရင်းရှိ(၇၃၈)ဦးမှ ဝင်ရောက်ဖြေဆိုသူ(၇၁၂)ဦး ရှိ၍ (၂၆၇)ဦး အောင်မြင်ခဲ့ကြပြီး၊ အလွတ်ဖြေအနေဖြင့် စာရင်းရှိ  (၃၉၇)ဦး မှ ဖြေဆိုသူ(၃၁၃)ဦး ရှိပြီး၊ အောင်မြင်သူ (၁၄၄)ဦးရှိရာ စုစုပေါင်းဖြေဆိုသူ(၁၀၂၅)ဦး အနက်မှ (၄၁၁)ဦး အောင်မြင်ခဲ့ကြသဖြင့် အောင်ချက်ရာခိုင်နှုန်း (၄၀.၁၀)ရာခိုင်နှုန်းဖြစ်ကြောင်းသိရသည်။ အဆိုပါ အောင်စာရင်းများကို မြို့နယ်ပညာရေးမှူးရုံး တည်ရှိရာ အမှတ်(၂)အ.ထ.ကနှင့် သက်ဆိုင်ရာ စာစစ်ဌာနများဖြစ်သည့် အမှတ်(၁)အ.ထ.က၊ ပုပ္ပား အ.ထ.က၊ လက်ပန်ပျားအ.ထ.ကနှင့် တောင်ဦး အ.ထ.က တို့တွင် တစ်ပြိုင်နက် ကပ်ထားကြေညာပေး လျက်ရှိကြောင်းသိရသည်။ “အောင်စာရင်းကတော့ လာကြည့်တဲ့သူနည်းတယ်။ နည်းတာကလည်း ဒီနေ့ မနက်(၄)နာရီကတည်းက အောင်စာရင်းကို ကျွန်မတို့ပညာရေးဌာနက Online စနစ်နဲ့ ကြေညာပေးထားတာဆိုတော့ ဒီကို တကူးတက လာကြည့်စရာမလိုကြတော့ဘူးလေ။ ကိုယ့်အိမ်ကနေဘဲ အလွယ်တကူ ကြည့်လို့ရနေတော့ ဒီမှာကပ်ထားပေမဲ့ အရင်နှစ်တွေလို စုပြုံတိုးဝှေ့ပြီး ကြည့်ရလောက်အောင်လူအများကြီး မလာကြတော့ဘူးပေါ။ တစ်ချို့တစ်လေ Online စနစ်ကို မကြည့်တတ်တဲ့သူတွေလောက်ပဲ အောင် စာရင်းလာကြည့်ကြပါ တယ။” ဟု မြို့နယ်ပညာရေးမှူး ဒေါ်မော်မော်က ပြောပါသည်။


အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများ ကပ်ထားရာကျောင်းများသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့် အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးမင်းတို့က လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး၊ သက်ဆိုင်ရာကျောင်းများနှင့် အောင်စာရင်းလာရောက်ကြည့်ရှု သည့် ကျောင်းသားများနှင့် မိဘများ၊ တာဝန်ကျဆရာ/ ဆရာမများ လုံခြုံရေးအတွက် လိုအပ်သည်များ ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)