နမ့်စန်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများထုတ်ပြန်၊ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၂၅၀ ဦး ဖြေဆိုအောင်မြင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နမ့်စန်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများထုတ်ပြန်၊ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၂၅၀ ဦး ဖြေဆိုအောင်မြင်



MNP - ဇွန်   ၁၇


ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ယနေ့နံနက် ၆နာရီ က အထက(နမ့်စန်)စာစစ်ဌာနနှင့် အထက(ခိုလန်) စာစစ်ဌာနတို့တွင် ထုတ်ပြန်ကြေညာခဲ့ရာ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၂၅၀ ဦး ဖြေဆိုအောင်မြင်ခဲ့ကြောင်း သိရသည်။


နမ့်စန်မြို့နယ်တွင် စာစစ်ဌာန(၂)ခု၌ အခြေခံပညာစာသင်ကျောင်းများ၊ ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများနှင့် ပြင်ပဖြေဆိုသူများအပါအဝင် စုစုပေါင်း ၆၉၁ ဦး ဖြေဆိုခဲ့ပြီး ၂၅၀ ဦးဖြေဆိုအောင်မြင်ကာ အောင်မြင်မှုရာခိုင်နှုန်း ၃၆ ရာခိုင်နှုန်းရှိကြောင်း သိရသည်။


ဂုဏ်ထူးရရှိမှုအခြေအနေမှာ (၂) ဘာသာဂုဏ်ထူးရှင် ၂ ဦး နှင့် (၁)ဘာသာဂုဏ်ထူးရှင် ၆၀ ဦးရှိပြီး ဂုဏ်ထူးရရှိသည့်ဘာသာများမှာ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒနှင့် ဘောဂဗေဒ ဘာသာရပ်တို့ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


သတင်း - သူရအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)