၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်ကြေညာ - Myanmar National Post

Myanmar National Post

News Agency

Breaking

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်ကြေညာ

 


MNP - ဇွန်   ၁၇


ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့ ၂၀၂၂ ခုနှစ် မတ်လနှင့် ဧပြီလအတွင်းက ကျင်းပပြုလုပ်ခဲ့သည့် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ အောင်စာရင်းများအား ယနေ့ နံနက်ပိုင်းက ထုတ်ပြန်ကြေညာရာ ဝင်ရောက်ဖြေဆိုခဲ့သော ကျောင်းသား၊ ကျောင်းသူ ၇၁၀ ဦးတွင် ၃၅၃ ဦး အောင်မြင်ခဲ့ကြောင်း သိရသည်။


ကြို့ပင်ကောက်မြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲများကို အထက(ကြို့ပင်ကောက်) စာစစ်ဌာန၊ အထက (ပန်းတင်) စာစစ်ဌာန၊ အထက (ရွှေပန်းတော) စာစစ်ဌာနနှင့် အထက (လယ်တီ) စာစစ်ဌာနဟူ၍ စာစစ်ဌာန (၄) ခုတို့တွင် ဝင်ရောက်ဖြေဆိုခဲ့သော တက္ကသိုလ်ဝင်တန်း ကျောင်းသား၊ ကျောင်းသူများ၏ အောင်စာရင်းအား သက်ဆိုင်ရာကျောင်းများအလိုက် ကြော်ငြာသင်ပုန်းများဖြင့် ထုတ်ပြန်ကြေညာခဲ့ပြီး တစ်မြို့နယ်လုံး၏ အောင်စာရင်းအား မြို့နယ်ပညာရေးမှူးရုံးတွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း တစ်ဘာသာဂုဏ်ထူးရှင် (၁၁၇) ဦး၊ နှစ်ဘာသာ ဂုဏ်ထူးရှင် (၃၂) ဦး၊ သုံးဘာသာဂုဏ်ထူးရှင် (၁၆) ဦး၊ လေးဘာသာဂုဏ်ထူးရှင် (၂) ဦးနှင့် ငါးဘာသာဂုဏ်ထူးရှင် (၂)ဦး တို့ဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့ကြကြောင်း သိရသည်။


သတင်း - ဇေယျာထွန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)