ဗဟန်းမြို့နယ်၌ ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲအောင်စာရင်း ယနေ့ထုတ်ပြန်ကြေညာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗဟန်းမြို့နယ်၌ ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲအောင်စာရင်း ယနေ့ထုတ်ပြန်ကြေညာ



MNP - ဇွန်   ၁၇


၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို သက်ဆိုင်ရာ မြို့နယ်အသီးသီးရှိ စာစစ်ဌာနကျောင်းများတွင် တစ်ချိန်တည်း ကပ်ထားထုတ်ပြန်ကြေညာထားရာ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်တွင် အခြေခံပညာဦးစီးဌာနမှ ၂၀၂၂ ခုနှစ် မတ်လ ၃၀ရက်နေ့မှ ပြုလုပ်ခဲ့သည့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအောင်စာရင်းကို အမှက်(၁)အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာနတွင် ယနေ့နံနက်ပိုင်တွင် ထုတ်ပြန်လျက်ရှိကြောင်း သိရသည်။


ဗဟန်းမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း (၃)ကျောင်းနှင့် ကိုယ်ပိုင်အထက်တန်းကျောင်း (၃)ကျောင်းရှိရာ စာရင်းရှိ ကျောင်းသား၊ကျောင်သူဦးရေမှာ ကျောင်းသား(၂၉၁)ဦးနှင့် ကျောင်းသူ(၃၂၂)ဦး၊ စုစုပေါင်း(၆၁၃)ဦးရှိပြီး၊ ဝင်ရောက်ဖြေဆိုသည့် ကျောင်းသားဦးရေ(၂၆၇)ဦး၊ ကျောင်းသူ(၂၉၆)ဦး၊ စုစုပေါင်း(၅၆၃)ဦးရှိရာ စာမေးပွဲဖြေဆိုအောင်မြင်သည့် ကျောင်းသား(၁၅၅)ဦး၊ ကျောင်းသူ(၁၉၈)ဦး စုစုပေါင်း(၃၅၃)ဦးရေရှိသဖြင့် စာ‌မေးပွဲဖြေဆို‌အောင်မြင်သည့် ရာခိုင်နှုန်းမှာ (၆၂.၇၀)ရာခိုင်နှုန်း အောင်မြင်ကြောင်း သိရသည်။


ဗဟန်းမြို့နယ်၌ ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ခြောက်ဘာသာဂုဏ်ထူးရှင် (၁၁)ဦး၊ ငါးဘာသာဂုဏ်ထူးရှင်(၇)ဦး၊ လေးဘာသာဂုဏ်ထူးရှင်(၂၀)ဦး၊ သုံးဘာသာဂုဏ်ထူးရှင်(၃၆)ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင်(၂၄)ဦး၊ တစ်ဘာသာဂုဏ်ထူးရှင်(၈၀)ဦး၊ စုစုပေါင်း ဂုဏ်ထူးဖြင့် အောင်မြင်သူ (၁၇၈)ဦးရှိကြောင်း သိရှိရသည်။


သတင်း - အောင်မြင့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)