နမ့်စန်တွင် တောင်သူများကို မိုးသီးနှံ နှစ်ချင်းမျိုးစေ့၊ မြေဩဇာနှင့် သွင်းအားစုများ ထောက်ပံ့ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နမ့်စန်တွင် တောင်သူများကို မိုးသီးနှံ နှစ်ချင်းမျိုးစေ့၊ မြေဩဇာနှင့် သွင်းအားစုများ ထောက်ပံ့ပေးအပ်

 



MNP -  ဇွန်   ၉


ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် တောင်သူများကို မိုးသီးနှံ နှစ်ချင်းမျိုးစေ့၊ မြေဩဇာနှင့်သွင်းအားစုများ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက် ၁၀နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်ကျင်းပခဲ့ကြောင်း သိရသည်။ ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မိုးက အဖွင့်အမှာစကား ပြောကြား ခဲ့သည်။


ထို့နောက် လွိုင်လင်ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမိုးနိုင်က စိုက်ပျိုးရေး လုပ်ငန်းများတိုးတက်ရေးဆိုင်ရာများကို ရှင်းလင်းပြောကြားခဲ့ပြီး နမ့်စန်မြို့နယ် စိုက်ပျိုးရေး ဦးစီးမှူး ဦးမြသိန်းက မျိုးစေ့၊ မြေဩဇာနှင့် သွင်းအားစုများ ပေးအပ်ရခြင်း၏ ရည်ရွယ်ချက် များကို ရှင်းလင်း ပြောကြားခဲ့သည်။


ဆက်လက်၍ မျိုးစေ့၊ မြေဩဇာနှင့်သွင်းအားစုများကိုပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မိုး၊ လွိုင်လင်ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမိုးနိုင်၊ နမ့်စန်မြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးမြသိန်းနှင့် သက်ဆိုင်ရာဌာနအကြီးအကဲများက နမ့်စန်မြို့နယ် အတွင်းရှိ အမှတ်(၅)၊ မက်မွန်မုန်း၊ ဝမ်ပုံ၊ လွိုင်ယဲနှင့် မိုင်းစိတ်ကျေးရွာအုပ်စုတို့ရှိ တောင်သူ ၅၀ ဦး အတွက် မြေပဲမျိုးစေ့ (ဆင်းပဒေသာ-၁၁) ၅ဧကစာ၊ ပဲပုတ်မျိုးစေ့ (ရေဆင်း-၁၅) ဧက ၅၀ စာ၊ အစေ့ထုတ်ပြောင်း ( ဂရင်းတန်-၁) ဧက ၅၀ စာ၊ ပဲစဉ်းငုံ (ရွှေဒင်္ဂါး ) ဧက ၅၀ စာ ၊ စပါး (DU -12) ဧက ၅၀ စာ၊ နေကြာ (ရေဆင်းစပ်မျိုး-၁) ဧက ၅၀ စာ၊ ကွန်ပေါင်းမြေဩဇာ ဧက ၅၀ စာ နှင့် ယူရီးယားမြေဩဇာ ဧက ၅၀ စာ တို့ကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ပြီး တောင်သူများက လက်ခံရယူခဲ့ကြောင်း သိရသည်။


သတင်း - သူရအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)