ကလေးတက္ကသိုလ်တွင် ဌာနဆိုင်ရာအဖွဲ့အစည်းများဖြင့် အသိပညာပေးဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကလေးတက္ကသိုလ်တွင် ဌာနဆိုင်ရာအဖွဲ့အစည်းများဖြင့် အသိပညာပေးဟောပြောပွဲကျင်းပ




MNP - ဇွန်   ၂၃


ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာ၊ ကလေးတက္ကသိုလ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးများမှ ယနေ့နံနက် ၁၀ နာရီက အဆိုပါတက္ကသိုလ်ရှိ ကဘော် (၃) ခန်းမတွင် အသိပညာပေးဟောပြောပွဲ အခမ်းအနား ကျင်းပခဲ့သည်။


ရှေးဦးစွာ ကလေးတက္ကသိုလ်၏ ပါမောက္ခချုပ် ဒေါက်တာယောဟန်ထွန်းက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၏ ဟောပြောဆွေးနွေးမှုများကို ဂရုတစိုက် လေ့လာမှတ်သားပြီး လိုက်နာကြစေလိုကြောင်းနှင့် ဟောပြောပွဲကျင်းပခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြား ခဲ့သည်။


ဆက်လက်၍ ပတ်ဝန်းကျင်းထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးငွေဇင်မှ “ဒိုဗမာပြည်တခွင်သာယာလှဖို့ ပတ်ဝန်းကျင်ထိန်းသိမ်းစို့” ခေါင်းစဉ်ဖြင့် ပတ်ဝန်းကျင် ညစ်ညမ်းမှု ဖြစ်ပေါ်စေသည့် အကြောင်းအရင်းများ၊ ဂေဟစနစ်ပျက်စီးဆုံးရှံးရမှုများ၊ စွန့်ပစ်ပစ္စည်းများ၊ သဘာဝ သယံဇာတ စသည့်အကြောင်းကိုဆွေးနွေးခဲ့ပြီး၊ စားသုံးသူရေးရာ ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်သန်းသန်းဝင်းမှ စားသုံးသူတို့၏ အခွင့်အရေးများ၊ တာဝန်များ၊ စီးပွားရေး လုပ်ငန်းရှင်များ၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားအကြောင်းနှင့် တားမြစ်ချက်နှင့် ပြစ်မှု ပြစ်ဒဏ်များအကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့သည်။


ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတွာလ်ဆွင်းဗန်က “ရည်မှန်းချက်ရှိရမည်” ခေါင်းစဉ်ဖြင့် လောကကောင်းကျိုး သည်ပိုးနိုင်ရန် အတွက် မိမိကိုယ်ကိုဦးစွာမြင့်တင်ကြရန်၊ လူတိုင်းတွင်ရှိသည့်တာဝန်(၃)ရပ်၊ နေ့စဉ်ကျင့်သုံး လက်စွဲစကား(၆)လုံးနှင့် လောကကြီးကိုအလှဆင်သူများစသည်ဖြင့် အကျယ်တဝင့် ဟောပြော ဆွေးနွေးခဲ့သည်။


အခမ်းအနားသို့ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ဘာသာရပ်အလိုက် သက်ဆိုင်ရာ ပါမောက္ခ များ၊ ဘာသာရပ်ဆိုင်ရာဌာနမှူးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူပေါင်းများ၊ စုစုပေါင်း (၁၈၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)